လီကွမ်းယူပြောဖူးတဲ့ စကားတစ်ခွန်းရှိတယ်။
ငါဖျားပြီးကုတင်ပေါ်ကမထနိုင်ပါစေ၊
ငါ့ကိုမြေမြုပ်ပြီးနေပါစေ၊
တစ်ခုခုမှားနေတယ်လို့ခံစားရရင်
ပြန်ထလာပြီး ဖြစ်အောင်လုပ်မယ်တဲ့။
သူ့စကားတွေ နားထောင်ရင် လူတောင်
တခါတခါ ကြက်သီးတော်တော်ထတယ်။
သူလွန်ခဲ့တဲ့ အနှစ်သုံးလေးဆယ်မှာ
ပြောခဲ့တဲ့ စကားတွေက ဒီနေ့ထိမှန်နေတုန်။
The hard truth keeping Singapore going မှာဆိုလဲ
Taiwanese brand ဖြစ်တဲ့ HTC ဘယ်လောက်
ပြိုင်နှိုင်မလဲဆိုတာပါ ပြောပြီး
MNC တွေလုပ်တာထက် နိုင်ငံရဲ့ strategy
ဘယ်အပိုင်းကို အဓိကထားသင့်တယ်ပြောသွားတာ
တော်တော်လေး လက်တွေ့ကျတယ်။
ငယ်ငယ်က တရုတ်စာကောင်းကောင်းမသင်ခဲ့ရတာကို
စိတ်ဓာတ်မကျဘူးပဲ အသက်ကြီးတော့
တရုတ်စာပြန်သင်တယ်၊
တရုတ် channel တွေမှာ တရုတ်လိုပဲ interview လုပ်တယ်။
သူ့ရဲ့ အောင်မြင်ရေး formula က
အလုပ်ဖြစ်တာနဲ့ မဖြစ်တာကို သိအောင်လုပ်၊
ပြီးရင် အလုပ်ဖြစ်တာကိုရွေးတဲ့။
လုပ်မယ်လို့ဆုံးဖြတ်ပြီးရင် သူ့လို
စိတ်မာဖို့လိုတယ်။
ခံယူချက် ပြတ်သားဖို့လိုတယ်။
growth mindset လိုတယ်။
ideology တစ်ခုတည်းကို မကိုးကွယ်ပဲ
အလုပ်ဖြစ်တာကို လုပ်ဖို့လိုတယ်။
Phyo Paing @ Derek