ကိုယ့်ကိုကိုယ် ချော့ခိုင်းတတ်ဖို့
အရေးကြီးတယ်။
တခါတလေ လူတစ်ယောက်မှာ
နတ်မင်းနှစ်ပါး အားပြိုင်နေတယ်။
အပျင်းကြီးတဲ့ တစ်ယောက်နဲ့
တက်ကြွတဲ့ တစ်ယောက်။
တခါတလေ တစ်ယောက်က
အသားရနေတာမျိုးဖြစ်တတ်တယ်။
ကိုယ့်ကိုကိုယ် ချော့ခိုင်းဖို့
ကိုယ့်အကြောင်းကို လေ့လာနေဖို့လိုတယ်။
ဒါကြောင့်လဲ Socrates က
Know Thyself ကိုယ့်ကိုကိုယ် သိ
လို့ပြောခဲ့တာမဟုတ်လား။
ကျွန်တော်တို့ နေ့စဥ်တိုက်နေရတဲ့
ရန်သူက အတွင်းရန်သူ
ဖြစ်ကောင်းဖြစ်နိုင်တယ်။
မယုံရင် တခါးပိတ်။
အခန်းထဲမှာ ဖုန်းမသုံး၊
ဘားမှ အသုံးမပြုပဲ
ဒီအတိုင်း ဘားမလုပ်ပဲ
လေးဆယ့်ငါးမိနစ်လောက်ထိုင်ကြည့်ကြည့်။
လူ့စိတ်က မျောက်စိတ်ဆိုတာ
သတိထားလာမိလာသလို
အတွင်းရန်သူကို ဂရုစိုက်ရမယ်ဆိုတာ
သတိထားလာမိလိမ့်မယ်။
ကျွန်တော်တို့ နေ့စဥ်တိုက်နေရတဲ့
တိုက်ပွဲက စိတ်တွင်းတိုက်ပွဲတွေ
ဖြစ်နေတတ်တယ်။
အတွင်းတိုက်ပွဲ အောင်နိုင်မှ
အပြင်တိုက်ပွဲ အောင်ဖို့
သေချာသလောက်ရှိမှာ။
Phyo Paing @ Derek