တချို့အိမ်တွေမှာ မိဘတွေ
တကျက်ကျက် ရန်ဖြစ်တဲ့
မိသားစုက ပေါက်ဖွားလာတဲ့အခါ
ကလေးတစ်ယောက်မှာ စိတ်ခံစားမှုရှိတယ်။
သူ့အနေနဲ့ မပြောပေမယ့်
စိတ်ထဲ ခံစားရတတ်တယ်။
ဒီအထဲမှာ အဖွားနဲ့ အမေမတည့်တဲ့အခါ
ပိုစိတ်ညစ်ရတာမျိုးတွေဖြစ်တတ်တယ်။
ဒါကို ရှောင်လွဲဖို့ လူတွေနဲ့
ကိုယ်နဲ့ စိတ်ခံစားချက်ကို
ဖယ်ထားတာမျိုး ဖြစ်လာပြီး
လူအများစုခံစားရတာနဲ့
ကိုယ်ခံစားရတာ radar လွတ်နေတတ်တယ်။
အဖေနဲ့ အမေရဲ့ ဆက်ဆံရေးပေါ်မူတည်ပြီး
အချစ်ရဲ့ strategy ဖြစ်ပေါ်လာတတ်တယ်။
အဖေက အမြဲခရီးထွက်နေတတ်တဲ့
မိသားစုနဲ့ ဘေးနားမှာ ကျောင်းကြိုပို့
လုပ်တဲ့မိသားစုမှာ မတူညီတဲ့
love strategy တွေရှိကြတယ်။
လူတစ်ယောက်ရဲ့ love strategy ကိုသိိဖို့
“ငယ်ငယ်က အဖေနဲ့ အမေ ဘယ်သူ့အချစ်ကို
ပိုခုံမင်ခဲ့လဲ” ဆိုတဲ့မေးခွန်းမေးလို့ရတယ်။
အဖေ၊ ဒါမှ မဟုတ် အမေ့အချစ်ကိုရဖို့
ဘယ်လို ကြိုးစားအားထုတ်ရလဲပေးကြည့်ကြည့်။
တချို့က ကိုယ်ချစ်တဲ့မိဘရဲ့အချစ်ကိုရဖို့
လိမ်လိမ်မာမာ နေရတယ်။
တချို့က ဂျီကျမှ ဂရုစိုက်ခံရတယ်။
ငယ်ငယ်ရဲ့ ဘဝဖြတ်သန်းမှုက
တစ်ဘဝလုံးကို လွမ်းမိုးမှုရှိတယ်လို့ထင််တယ်။
Phyo Paing @ Derek