ကိုယ်နဲ့သိကျွမ်းတဲ့သူတိုင်း
အကျိုးရှိစေရမယ်။
အဲ့စိတ်ပဲ အမြဲထားတယ်။
စေတနာနဲ့ ကိုယ်မျှဝေပေးနိုင်တာ
လုပ်တယ်။
ကိုယ်နဲ့သိကျွမ်းလို့ အကျိုးယုတ်တယ်ဆိုတာ
မရှိရဘူး။
အဲ့လိုစိတ်နဲ့ပဲ ဘဝကို ဖြတ်သန်းလိုက်တယ်။
ကိုယ်လဲ စင်းလုံးချောကောင်းတဲ့သူ
ဟုတ်ချင်မှဟုတ်မယ်။
အတ္တတွေ၊ မာန်မာနတွေ၊ အတွေးတွေနဲ့
လူဖြစ်တဲ့အတွက်
ကိုယ့်ကိုကိုယ် အမြဲပြန်ဆန်းစစ်တယ်။
ငါ့ကြောင့်လူတွေ မျက်ရည်ကြီးငယ်
မကျရဘူးလို့ အမြဲစဥ်းစားတယ်။
Phyo Paing @ Derek