တစ်ခုခု မလုပ်ချင်ပေမယ့်
မဖြစ်မနေလုပ်ရတဲ့အခါ
အချိန်ဆွဲတတ်ကြတယ်။
Social Media ပွတ်သလိုလို
ခြေကုန်လက်ပန်းချ ပင်ပန်းသလိုသလို
ဒီလို အဖြစ်အပျက်တွေ လူတိုင်း
တစ်ခါမဟုတ် တစ်ခါ ဖြစ်တတ်ကြတယ်။
အလုပ်က မလုပ်လို့ကလဲ မရဘူး။
လုပ်လဲ မလုပ်ချင်ဘူး။
မလုပ်ပြန်ရင်လဲ စိတ်က မဖြောင့်ပြန်ဘူး။
အဲ့အခြေအနေမျိုးမှာ
ကျွန်တော်ကျင့်သုံးဖြစ်တာကတော့
၅ မိနစ် ဥပဒေသပဲ။
ငါးမိနစ်အရင် အာရုံစိုက်လိုက်မယ်။
alarm ပေးလိုက်တယ်။
လုပ်ရင်း စျန်ဝင်သွားတဲ့အချိန်တွေ
ရှိတတ်တယ်။
ပထမဆုံး ငါးမိနစ် အရေးကြီးတယ်။
Phyo Paing @ Derek