ကိုယ့်အလုပ်က ကိုယ့်ကို
နေ့စဉ် တိုးတက်နေစေမှ
အကောင်းဆုံးကိုယ်တည်ဆောက်နိုင်မှာ။
သင်တန်းတွေတက်တာက
ခဏပဲသင်ပေးလိုက်တာ။
တကယ် practitioner လုပ်လို့ရမယ်လို့
စဉ်းစားလို့ မရဘူး။
So good they can’t ignore you စာအုပ်ထဲကလို
Career Capital တည်ဆောက်ဖို့လိုတယ်။
ရှားပါးပြီး အသုံးဝင်တဲ့ skills ပေါ့။
ကိုယ်က ဂျွတ်ဆင်ကြီးဖြစ်နေမှ
ကိုယ့်ကို အစားထိုးလို့မရမှာ။
ဒါက အဓိက အချက်ပဲ။
ကိုယ်လုပ်နေတဲ့အလုပ်မှာတော့
တစ်ဖက် ကမ်းခတ်ကျွမ်းကျင်ဖို့လိုတယ်။
နိုင်ငံပြောင်းပြီး အခြေချရင်တောင်
ဒီ skill က အသုံးချလို့ရနေရမယ်။
ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာရာက
ကံအကြောင်းတရားကြောင့်
အကုန် ပြောင်သွားနိုင်တယ်။
နေ့ချင်းညချင်း အပြောင်းအလဲ
ဖြစ်သွားနိုင်တယ်။
ကိုယ်နဲ့ အမြဲကျန်နေမှာ
ကိုယ့်ရဲ့ အရည်အချင်းပဲ။
ကိုယ့်အလုပ်က ကိုယ့်အရည်အချင်းကို
အမြဲတိုးတက်အောင် လုပ်ပေးတဲ့
playground တစ်ခုဖြစ်ရမယ်။
Phyo Paing @ Derek