ငယ်ငယ်က မနက် ၅ နာရီဆိုထ
၅ ခွဲဆို ဖယောင်းတိုင်လေးကိုင်
တရုတ်ကျောင်းသွားရတယ်။
၈ နာရီကျောင်းဆင်းရင်
အပြေးအလွှားမြန်မာကျောင်း
ကူးရပြန်တယ်။
လေးတန်းလောက်ရောက်တော့
အဖေလဲမရှိတော့တဲ့အခါ
ကိုယ့်ကို ဘေးကကြည့်ပေးတဲ့သူမရှိတော့
ကျောင်းပြေးပြီး လုပ်ချင်တာလုပ်တယ်။
ဒါ ၈ တန်းရောက်တဲ့အထိပဲ။
၉ တန်းဘော်ဒါဆောင်ရောက်သွားတော့
စာကျက််ချိန်စာကျက်ရတဲ့
စည်းကမ်းနဲ့ သွားရတယ်။
နောက်ပိုင်း ဘဝမှာ သတိထားမိလာတာ
ကိုယ့်ဘဝ တည့်တည့်မှတ်မှတ်
တိုးတက်နေဖို့ ဘယ်လိုအခြေအနေဖြစ်ဖြစ်
စည်းကမ်းရှိဖို့လိုတယ်။
နေ့တိုင်း စာဖတ်မယ်ဆိုတဲ့ စည်းကမ်း။
နေ့တိုင်း ဘာတွေလုပ်မယ်၊
ဘာတွေ မလုပ်ဘူးဆိုတဲ့ စည်းကမ်း။
ကိုယ့်စည်းကမ်းကိုယ်ထုတ်
ကိုယ်တိုင် လိုက်နာဖို့လိုတယ်။
ကိုယ်တိုင်ကျ စည်းကမ်းမရှိပဲ
သူများကို ဝေဖန်နေတာ
ဥာဏ်နည်းရာ ကျနိုင်တယ်။
Phyo Paing @ Derek