Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

စည်း Boundaries

မတူညီတဲ့လူတွေနဲ့ တွေ့တဲ့အခါ
မတူညီတဲ့ အပြုအမူတွေဖြစ်သွားတတ်တယ်။
မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးတွေဖြစ်သွားတတ်တယ်။

ကြုံဖူးလားတော့မသိဘူး။
ကိုယ့်အဖေ၊ အနေနဲ့နေရင်တစ်မျိုး၊
သူစိမ်းတွေနဲ့တွေ့တဲ့အချိန်တစ်မျိုး၊
ငယ်ပေါင်းတွေနဲ့ တွေ့တဲ့အခါတစ်မျိုး၊
ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့
အပြုအမူက အမျိုးမျိုးအပြောင်းအလဲ
ဖြစ်နေတတ်ကြတယ်။

နောက်ဆုံး သမီးရည်းစားထားရင်တောင်
တစ်ဖက်လူရဲ့ပုံစံပေါ်မူတည်ပြီး
ကိုယ့်ရဲ့ အပြုအမူနဲ့ ထုတ်ဖော်ပြမှု
ကိုယ်ရည်ကိုယ်သွေးအပေါ်သက်ရောက်မှုရှိတယ်။

မတူညီတဲ့ နေရာတွေသွားလို့
မတူညီတဲ့ လူတွေနဲ့ တွေ့တဲ့အခါ
မတူညီတဲ့ အပြုအမူနဲ့ ကိုယ်ရည်ကိုယ်သွေးတွေ
ဖြစ်သွားတတ်တယ်။

အကြောင်းအရင်းက
ဦးနှောက်မှာ mirror neurons မှန်လိုဆဲလ်တွေရှိတယ်။
အတုမြင် အတတ်သင်ချင်တယ်လို့
ပြောတာမျိုးကြားဖူးလိမ့်မယ်။
တခြားသူတွေပြုမူနေတာမျိုးကြည့်ပြီး
သင်ယူမှုဖြစ်ပေါ်တဲ့ Social Learning ကြောင့်
အပြုအမူပေါ်လွမ်းမိုးတယ်။
အပေါင်းအသင်းကြားဝင်ဆန့်ဖို့
Peer Pressure ကြောင့်အပြုအမူပေါ်လွမ်းမိုးတယ်။
စိတ်ခံစားမှုကူးစက်တတ်မှု
Emotional Contagion နဲ့
စဥ်းစားပုံစဥ်းစားနည်းအပြောင်းအလဲ
Cognitive Changes ကြောင့်လဲ
လူတွေရဲ့ ကိုယ်ရည်ကိုယ်သွေးက
ကိုယ်နဲ့ပေါင်းတဲ့သူတွေပေါ်မူတည်ပြီး
အပြောင်းအလဲဖြစ်တယ်။

ကိုယ်နဲ့ အနီးစပ်ဆုံးသူတွေကို
သေချာရွေးချယ်တတ်ဖို့လိုအပ်တဲ့
အချိန်တွေ လူတိုင်းမှာရှိတတ်တယ်။

ကိုယ့်ရဲ့ Inner Circle
အတွင်းစည်းထဲဝင်ဖို့ လူတိုင်းကို
အလွယ်တကူ လက်မခံလိုက်နဲ့။

တချို့က ဒါကို စည်း boundaries လို့ခေါ်တယ်။

Phyo Paing @ Derek

Share Your Idea!​