ဘဝမှာ နှစ်နှစ်လောက်
ဝိတ်ချတဲ့စနစ်၊ ဝိတ်ထိန်းတဲ့စနစ်ကို
လိုက်ရှာတယ်။
တွေ့သွားတဲ့အချိန်ကျတော့ ၂ လ၊ ၃ လပဲကြာတယ်။
စာဖတ်လိုက်မေ့လိုက်နဲ့ တိုင်ပတ်ခဲ့တာ
နှစ်ပေါင်း အတော်ကြာပဲ။
စနစ်တွေကိုတွေ့တော့ အချိန်ခဏပဲကြာတယ်။
စာဖတ်တာ တစ်အုပ်ပြီးဖို့ တစ်လလောက်ကြာတယ်။
နောက်ဖတ်ကျင့်ရှိလာတော့ တစ်ပတ်လောက်ကြာတယ်။
နောက်စနစ်တွေ့သွားတော့ ဆယ်ဆလောက်ပိုမြန်လာတယ်။
ဘဝမှာ လိုချင်တဲ့ရလဒ်ရဖို့
SCAR framework ဆိုပြီးထုတ်ထားတာရှိတယ်။
System + Consistency + Action = Result
စနစ်ရှိပြီး လုပ်ဆောင်ချက်မရှိရင် ရလဒ်မထွက်။
စနစ်ရှိ လုပ်ဆောင်ချက်ရှိပြီး
ဖင်မမြဲ ဇွဲမရှိရင်လဲ ရလဒ်မရ။
ဒါကြောင့် ရလဒ်တစ်ခုက
စနစ် + ဇွဲ + လုပ်ရပ် = ရလဒ်ပေါ်မူတည်တယ်။
Phyo Paing @ Derek