တခါတလေ လူတွေက
လက်နဲ့ အလုပ်ပင်ပင်ပန်းပန်းလုပ်မှ
လက်တွေ့လို့ထင်တတ်ကြတယ်။
အလုပ်ကိုပင်ပင်ပန်းပန်းလုပ်တာကို
လက်တွေ့ practical ဖြစ်တယ်လို့
ယူဆကြတယ်။
ကမ္ဘာကြီးကို အုပ်ချုပ်နေတဲ့သူတွေက
ဘယ်လိုလူတွေထင်လို့လဲ။
အမေရိကားတောင် design နဲ့ research လုပ်
နည်းပညာအဓိက ကိုယ်ပြီး
တရုတ်မှာရှိတဲ့ ထိုင်ဝမ်စက်ရုံမှာထုတ်ပြီး
တရုတ်တွေကို ခိုင်းစားတာ။
ပြဿနာဖြစ်တော့ semiconductor
လောကက ကျွမ်းကျင်သူအကုန်
တရုတ်က ပြန်ရမယ်လို့ ပြောတာကြည့်ကြည့်။
တရုတ်က ကြိုတင်ပြင်ဆင်ထားလို့။
ဒါတောင် တိုင်ပတ်တယ်။
လက်တွေ့ဆိုတာ ကိုယ်လုပ်တဲ့အလုပ်ကို
တဖက်ကမ်းခတ် ကျွမ်းကျင်တာ။
ဥာဏ်နည်းပဲ ပင်ပင်ပန်းပန်းလုပ်နေတာမဟုတ်ဘူး။
ဆိုင်ဖွင့်ပြီး လူတွေစိတ်ညစ်နေတာသိချင်မှသိမယ်။
ထုတ်လုပ်ရေးလုပ်ပြီး
ထုတ်လဲရှုံး၊ မထုတ်လဲရှုံးနေတာတွေ
သိချင်မှ သိမယ်။
ထသွားမှ ကျိုးမှန်းသိ မဖြစ်အောင်
ဥာဏ်လိုတယ်။
ရောမတို့၊ ဂရိတို့ကို အုပ်ချုပ်ရေးမှာ
ပါဝင်ခဲ့တဲ့ သူတွေက ဘယ်သူတွေထင်လို့လဲ?
အတွေးအခေါ်ပညာရှင်တွေက
နိုင်ငံတည်ဆောက်ရေးမှာ အများကြီးပါခဲ့တာ။
Business နဲ့ Economics နဲ့ မကွဲတော့
MBA တွေများပြီး Economy မတိုးတက်လို့
ပြောတဲ့ဟာသတွေ တွေ့ဖူးလိမ့်မယ်။
MBA ဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့
စီးပွါးရေးစနစ်ထဲက လုပ်ငန်းတွေကို
စီမံခန့်ခွဲဖို့။
ရွာမှာ စီးပွါးရေးလုပ်ရင်
ဘာမှ မလိုဘူး။
ဒါပေမယ့် တိုးတက်လေလေ
စနစ်တကျလေ့လာဖို့ လိုအပ်လာလေလေ။
ဓာတ်ပုံဆရာလို့ပြောလိုက်ရင်လဲ
ပွဲစျေးမှာရိုက်တာလောက်ပဲ
အမြင်ရှိတဲ့အခါ၊
ပန်းချီဆရာဆို ဦးပိန်းတံတားဘေးက
ပန်းချီဆရာကိုပဲ ပြေးမြင်တဲ့အခါ
Gen L တချို့ကို ရှင်းပြရခက်တတ်တယ်။
Phyo Paing @ Derek