Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

စာဖတ်နည်းမှန်ရဲ့လား?

Speed reading (စာမြန်မြန်ဖတ်ခြင်း)

စာဖတ်တဲ့အခါ အရေးကြီးတဲ့အပိုင်းနှစ်ပိုင်းရှိတယ်။ Comprehension (နားလည်မှု) နဲ့ retention (မှတ်မိမှု) ဖြစ်ပါတယ်။ ဘယ်လောက်နားလည်သလဲ၊ ဘယ်လောက်မှတ်မိသလဲဖြစ်တယ်။ လူအများစုက စာတော့ဖတ်လိုက်တယ်။ ဒါပေမယ့် ဖတ်ပြီးသွားတဲ့အခါ ဘာရေးထားလဲမမှတ်မိတော့တဲ့အတွက် စာဖတ်ခြင်းနဲ့ဝေးလာကြတယ်။ Youtube တို့လို video တွေကြည့်တာပိုခုံမင်လာကြတယ်။

Video ကြည့်လေ့လာတာဟာ infotainment (information + entertainment), technical အပိုင်းတွေလေ့လာတဲ့အခါ၊ အခြေခံ အယူအဆ concept ကိုရှင်းပြတဲ့အခါ audio-visual ရတဲ့အတွက် စာဖတ်ခြင်းလောက်အားမစိုက်ရတဲ့အတွက် လူတော်တော်များများဟာ စာဖတ်တာထက် ပိုလုပ်ဖြစ်ကြတယ်။ ဒါပေမယ့် နက်နက်နဲနဲစဥ်းစားတွေးခေါ်ရတဲ့အပိုင်းအတွက် စာဖတ်ခြင်းကို မဖြစ်မနေလုပ်ရပါတယ်။

ပထမပြောခဲ့တဲ့ စာဖတ်ခြင်းမှာ အရေးကြီးတဲ့ နားလည်ခြင်းနဲ့ မှတ်မိခြင်းအပိုင်းနှစ်ပိုင်းဟာ စာဖတ်သူတချို့ကို အကြီးအကျယ်စိတ်ဒုက္ခရောက်စေပါတယ်။ ဦးနှောက်အလုပ်လုပ်တဲ့ နည်းစနစ်ကိုမသိလေလေ ဒုက္ခကြီးလေလေဖြစ်ပါတယ်။

၂၀၀၆ လောက်က Professor Tony Buzan ရဲ့ Speed-reading စာအုပ်ကိုဖတ်ပြီး စစမ်းကြည့်ခဲ့ရာ အစပိုင်းမှာ အထမမြောက်ခဲ့ပေမယ့် နောက်ပိုင်း speed-reading ရဲ့ အခြေခံ concept ကိုနားလည်လာတယ်။ Speed-reading ကို အခြေခံ concept က speed ဖြစ်ပါတယ်။ မြန်မြန်ဖတ်နိုင်ဖို့ မျက်စိရဲ့ pattern က အရေးကြီးပါတယ်။ ပုံမှန်စာဖတ်သူတွေက word by word စာတစ်လုံးချင်းစီဖတ်ပါတယ်။ ဒီထက်မြန်လာရင် phrase by phrase ဖတ်ပါတယ်။ ဒီထက်မြန်လာရင် paragraph by paragraph ဖတ်ပါတယ်။ နောက် page by page သွားပါတယ်။

Eye pattern တွေမှာ Zig Zag တို့ပုံစံမျိုးရှိသလို၊ အောက်ကနေ အပေါ်ပြောင်းပြန်ပြန်ဖတ်တဲ့နည်းစနစ်တွေပါရှိပါတယ်။ တရုတ်မှာ ကလေးတွေကို accelerated learning နဲ့ speed reading သင်ပေးတယ်ဆိုတာ ဟာသမဟုတ်ပါဘူး။ EEG နည်းစနစ်နဲ့ IQ မြင့်အောင်လုပ်ပေးတာတွေဟာ ဟာသမဟုတ်ပါဘူး။ တကယ်အကျိုးရှိပါတယ်။

Speed reading ကို WPM နဲ့တိုင်းတာပါတယ်။ Word Per Minute ပါ။ ကမ္ဘာတစ်ဝှမ်းမှာလုပ်ကြပေမယ့် ဒါက relevant ဖြစ်တဲ့ metric တစ်ခုမလုပ်ဘူးလို့ ကျွန်တော်ကတော့ယူဆပါတယ်။

နေရာအသစ်တစ်ခုရောက်ရင် ရှိသမျှ ဆိုင်းပုဒ်တွေ၊ အိမ်တွေကို လိုက်မကြည့်နိုင်ပါဘူး။ ကျွန်တော်ထားတဲ့ speed reading concept ကလဲအလားတူပါပဲ။ မျက်စိ pattern ရွေ့လျားရင် တချို့ information နားမလည်တာတွေ၊ တချို့ စိတ်မဝင်စားတာတွေရှိနိုင်ပါတယ်။ ဒါကို ကျော်သွားဖို့ speed reading expert တော်တော်များများက recommend လုပ်ကြပါတယ်။

ကျွန်တော့် speed reading နည်းစနစ်ကတော့ စာတစ်အုပ်ကို မြန်မြန်ဖတ်လိုက်တယ်။ ဖတ်ပြီး mindmapping ထဲမှာကောက်သွင်းလိုက်တယ်။ ဒီလို ကောက်သွင်းလိုက်တဲ့အတွက် information input သာမက၊ recall နဲ့ output ပါလုပ်ရတယ်။ တချို့မေးစရာ မေးခွန်းတွေကို ချရေးတယ်။ ဒါနဲ့ပတ်သက်လို့ မေးခွန်းတွေ၊ application လုပ်လို့ရမည့်အရာ၊ ကိုယ်တိုင်အသစ်ထွင်လို့ရမည့်အရာတွေကိုချရေးတယ်။ Bloom’s Taxonomy မှာ creation က ထိပ်ဆုံးကကိုး။

လူတွေမတော်တာ မဟုတ်ပါဘူး။ သူတို့မှာ နည်းစနစ်မရှိလို့ပါ။

Phyo Paing @ Derek

Share Your Idea!​