မျက်မှန်မှာ ရေငွေ့တွေရှိနေရင်
ရှေ့ကို ကောင်းကောင်းမမြင်ဘူး။
ကောင်းကောင်းမြင်ဖို့အတွက်
ရေငွေ့တွေကို ဖယ်ရတယ်။
စာရေးတာကလဲ ပုံစံတူတူပဲ။
အတွေးရှင်းဖို့ ရေးရတယ်။
တခါတလေ အတွေးရှင်းမှ အရေးရှင်းသလို
တခါတလေ ရေးရင်းနဲ့ အတွေးရှင်းသွားတယ်။
ဒီနေ့ဖတ်နေတဲ့ စာအုပ်က
Writing to learn တဲ့။
ရေးထားတာတော့ တော်တော်ကြာပြီ။
New York Herald Tribune မှာ
စာရေးဆရာနဲ့ အယ်ဒီတာလုပ်ခဲ့ပြီး
Yale တက္ကသိုလ်မှာလဲ
Yale Alumni Magazine ရဲ့
အယ်ဒီတာအနေနဲ့ လုပ်ခဲ့တဲ့
William Zinsser ရဲ့ စာအုပ်ဖြစ်ပါတယ်။
1988 မှာ ထုတ်ခဲ့ပြီး
ဒီနေ့ထိ အရမ်းအသုံးဝင်နေသေးတယ်။
စာရေးလို့ပြောလိုက်တဲ့အခါ
report ရေးရတော့မယ်ဆိုရင်
အရမ်းကြောက်တတ်ကြတယ်။
မားကတ်တင်း report ရေးတာပဲဖြစ်ဖြစ်၊
ကျောင်းမှာ essay ရေးတာပဲဖြစ်ဖြစ်။
အမှန်တော့ စာရေးတယ်ဆိုတာ
စာရေးဆရာတွေနဲ့ပဲ ဆိုင်တာမဟုတ်ပါဘူး။
လူတိုင်းကိုယ့်ရဲ့အတွေးအခေါ်ကို
ဖော်ပြနိုင်စွမ်းရှိတယ်။
ဒီ expression လုပ်နိုင်စွမ်းက ပါဝါပဲ။
တခါတလေ စာကြီးပေကြီး literature တွေ
ဖတ်တာနဲ့ ရေးတာ မတူဘူးလို့
author က ဆိုတယ်။
literature ဖတ်တယ်ဆိုတာ စကားလုံးတွေရဲ့
အဓိပ်ပာယျကို ခံစားတာ။
တချို့ ရသစာပေဖတ်တဲ့အခါ
ဒါမျိုးခံစားရလိမ့်မယ်။
တခါတလေ အတွေးမရှင်းရင်
ရေးလိုက်တယ်။
ကားမှန်ပိတ်နေတာကို
ရေနဲ့ဆေးချ ရှင်းသွားသလိုပဲ။
ကိုယ့်ရဲ့ personal နဲ့ professional
development အတွက်
စာရေးဖို့အရေးကြီးတယ်။
ဘာလုပ်ရမှန်းမသိတဲ့အချိန်တွေဆို
အတွေးတွေကိုသာ ချရေးနေလိုက်။
နောက် AI နဲ့ ပြန် analyze လုပ်ခိုင်း။
ကိုယ့်ကိုယ်ကို ပြန်သုံးသပ်လို့ရတယ်။
Phyo Paing @ Derek