စိတ်ဒုက္ခရောက်မှာ အများစုက
ကိုယ်ဘယ်သူလဲဆိုတဲ့ Identity
ပျောက်ရာက လာတယ်။
ဘဝမှာ ပထမဆုံးဖြစ်တဲ့
Identity crisis က ခြောက်နှစ်လောက်
သင်ယူခဲ့တဲ့ ပညာရပ်နဲ့
အသက်မွေးဝမ်းကြောင်းမပြုဘူးလို့
စိတ်ဒုံးဒုံးချပြီး ကိုယ်ဘယ်သူလဲ
သေချာမသိတော့တဲ့ Identity crisis
ဖြစ်တဲ့ အချိန်။
ဒုတိယက မိဘတွေ သူငယ်ချင်းတွေ
သိထားတဲ့ နှစ်ယောက်ပေါင်းဖြစ်တဲ့
relationship identity ကနေ
breakup ဖြစ်ပြီး ငါတို့ဆိုတဲ့နေရာကနေ
ငါဘယ်သူလဲလို့ပြန်မေးရတဲ့
Identity crisis ဖြစ်တဲ့အချိန်။
ကိုယ်ဘယ်သူလဲ၊
ကိုယ်ဘယ်သူမဟုတ်ဘူးလဲ။
ဘာတွေကို တန်ဖိုးထားသလဲ။
ဒီမေးခွန်းတွေ ဖြေနိုင်ဖို့လိုသလို
ကိုယ့်ကိုကိုယ် သိဖို့အရေးကြီးသလို
ကိုယ့် identity နဲ့ တခြားသူနဲ့
မရောလိုက်ဖို့ အရေးကြီးတယ်။
ရောလိုက်လို့ တခြားသူက
ကိုယ်တွေးထားသလို မဟုတ်တဲ့အခါ
နာကျင်လိမ့်မယ်။
ကျွန်တော့် identity ကတော့
လူတွေနဲ့ လုပ်ငန်းတွေရဲ့
Productivity နဲ့ Profit ကို
တိုးတက်အောင်ကူညီပေးတဲ့
Entrepreneur,
Marketing Trainer and Consultant.
ကိုယ့် Identity ကို
Company နဲ့လဲ မတွဲထားဘူး။
ဘာကြောင့်လဲဆိုရင် လုပ်ငန်းတိုင်းက
တစ်နေ့ကျ သူများကိုအကုန်လွဲရင်လွဲရမယ်။
March 2014 က စတင်ခဲ့တဲ့ဖုန်းဆိုင်ကို
March 2022 ရှစ်နှစ်ပြည့်မှာ
ကတိအတိုင်း Manager ညီလေးကို
အပြီးလွဲပေးလိုက်ပြီ။
ကိုယ်ရင်းခဲ့တာရဲ့အပုံ ၂၀-၃၀ ကြား
ရှာပေးခဲ့ပြီးပြီလေ။
ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်း
စတင်နိုင်ဖို့ prototype လဲ
တည်ဆောက်စမ်းသပ်ခဲ့ပြီးပြီ။
Lee Kuan Yew ခေတ်ကတည်းက
Singapore ကိုတည်ဆောက်တော့
Singaporean Identity ကို
သေချာတည်ဆောက်တယ်။
ဒါကြောင့် စလုံး ethnic Chinese တွေက
I am not Chinese. I am Singaporean
ဖြစ်သွားတယ်။
Taiwan မှာက Taiwan Independent ဆိုပြီး
Identity Politics ကို ကစားရင်း
Taiwanese Identity တွေသွင်းရင်း
တရုတ်ပြည််မကို West Taiwan
Controlled by ကော်မီလို့ပြောကြတယ်။
ကိုယ့်ကို Identity တစ်ခုနဲ့
ထိန်းချုပ်မခံပါနဲ့။
စိတ်ညစ်နေရင် Identity
အသစ်ပြန်တည်ဆောက်ပါ။
Phyo Paing @ Derek