Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

စိတ်ဓာတ်ကျဖူးသလား?

လူတိုင်းဘဝမှာ တစ်ခါတမဟုတ် တစ်ခါတစိတ်ဓာတ်ကျဖူးကြလိမ့်မယ်။
စိတ်ပျက်တာ၊ စိတ်တိုင်းမကျတာ၊ အားငယ်တာ၊ စိတ်ဓာတ်ကျတာ အမျိုးမျိုးဖြစ်နိုင်တယ်။

ဒီတော့ခွဲခြားရမှာ ကိုယ်က ဘယ်လိုစိတ်ခံစားမှုအခြေနေလဲဆိုတာကို သတိရှိဖို့ဖြစ်ပါတယ်။

ဘာလို့လူအများစု စိတ်ဓာတ်ကျကြသလဲ?

ကျွန်တော့်အထင်ပြောရရင်

၁။ အများစုက မပေးနိုင်လောက်တဲ့ အကြွေးတင်လို့။ (သင့်မှာ အကြွေးမရှိရင် ကျေးဇူးတင်လိုက်ပါ။)
၂။ ပတ်ဝန်းကျင်က ကိုယ့်ရဲ့ကျွမ်းကျင်မှုကို အသိအမှတ်မပြုတဲ့အခါ လောကကြီးကို အရွဲ့တိုက်လာတဲ့အခါ ဖြစ်တတ်ပါတယ်။
၃။ နောက်တရစရာကို အမြဲပြန်ပြန်တွေးပြီး ကိုယ့်ကိုကိုယ်ခွင့်မလွတ်နိုင်ဖြစ်လို့။

(P.S – Depression နဲ့ ပတ်သက်လို့ လုပ်ထားတဲ့ သုသေတနတွေအများကြီးရှိပေမည့် ဒါကတော့ပတ်ဝန်းကျင်မှာ အများဆုံးဖြစ်လေ့ရှိတာတွေပါ။)

ဒါကို ကုစားဖို့အတွက် ကျေးဇူးတင်တတ်တဲ့စိတ်နဲ့ အသက်ရှင်ဖို့ဖြစ်ပါတယ်။

၁။ အသက်ရှင်နေတဲ့အတွက် ကျေးဇူးတင်ပါ။
၂။ အနာရောဂါကြီးကြီးမားမားမရှိတာ ကျေးဇူးတင်စရာပါ။ (တချို့နာတာရှည်ရောဂါနဲ့ နာမကျန်းဖြစ်နေတာတောင်စိတ်ဓာတ်မကျတတ်ကြဘူး။)
၃။ အသက်ကိုဝဝလင်လင်ရှူနေနိုင်တာ ကျေးဇူးတင်ပါ။ ( ဆေးရုံမှာ အသက်ငင်နေရသူတွေ အများကြီးပါ။)
၄။ ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့။

ကျေးဇူးတင်စိတ်ဖြင့် အသက်ရှင်ပါ။
Phyo Paing @ Derek

Share Your Idea!​