ပဲဆီသန့်၊ နေကြာဆီသန့်၊
အော်ဂင်းနစ်၊ FDA ရပြီးသား။
ကိုယ့်ကျန်းမာရေးနဲ့ ပတ်သက်လာရင်
“ပါးစပ်”ထဲ ထည့်တဲ့
အစားအသောက်တွေကို ဂရုစိုက်တတ်ကြတယ်။
“မျက်လုံး”၊ “နား”၊ “နှာခေါင်း”၊ “လျှာ”၊ “ခန္ဓာကိုယ်”
ဒီခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့
ထိတွေ့တဲ့အရာတွေကလဲ အစာတွေပဲ။
မမြင်အပ်၊ အကြားအပ်တဲ့ အရာတွေ
သတင်းတွေ၊ အဖျင်းတွေကို
မျက်လုံးနဲ့ မထိတွေ့အောင် ရှောင်တာ၊
ဒါကလဲ စိတ်နဲ့ ကိုယ်ကျန်းမာရေးအတွက်
အရေးကြီးတယ်။
သူများမကောင်းကြောင်းလာပြောတဲ့အခါ
စကားလွဲတာ၊ နားမထောင်တာမျိုးကလဲ
စိတ်နဲ့ ကိုယ်ကျန်းမာရေးအတွက်
အရေးကြီးတယ်။
နှာခေါင်း၊ လျှာ၊ ခန္ဓာကိုယ် အထိအတွေ့မှာ
မူးယစ်စေပြီး ဘဝပျက်စေမည့်အရာတွေကို
ရှောင်ရှားတာကလဲ
စိတ်နဲ့ကိုယ်ကျန်းမာရေးအတွက်
အရေးကြီးတယ်။
Phyo Paing @ Derek