ဘယ်အရာမှ လွယ်လွယ်မရဘူး။
ကိုယ်လိုချင်တဲ့ရည်မှန်းချက်အတွက်
အရေးအကြီးဆုံးက စိတ်ဓာတ်ကြံ့ခိုင်မှု။
လောကကြီးကိုမြင်တဲ့အမြင် အရေးကြီးတယ်။
လူတွေကို ကိုယ်ချင်းစာတတ်ဖို့၊
ကံကံ၏အကျိုးကိုလက်ခံနိုင်စွမ်းအရေးကြီးတယ်။
ကိုယ်လုပ်နေတဲ့အလုပ်မှာ နေရာတစ်ခုရဖို့ဆိုတာ
ဝါသနာ၊ အနစ်နာနဲ့ ဒူပေဒဏ်ပေခံနိုင်ဖို့လိုတယ်။
အလုပ်ကို ရူးရူးမူးမူးလုပ်ဖို့လိုတယ်။
Overnight success ဆိုတာမရှိဘူး။
သဘောတရားအရ အသီးပွင့်မှသာ
လူတွေက သတိပြုမိကြပေမယ့်
မျိုးစေ့ချတဲ့အချိန်၊ ရေလောင်းပေါင်းသင်တဲ့အချိန်
သတိမပြုမိကြဘူး။
ဝါးပုံပြင်လဲကြားဖူးမှာပါ။
ဝါးပင်တစ်ပင်က လေးနှစ်မတိုင်ခင်
ရေလောင်းပေါင်းသင်ပေမယ့် မကြီးလာသေးပဲ
၅ နှစ်မြောက်မှာ ၆ ပတ်အတွင်း ပေ ၈၀ အထိ
ကြီးလာနိုင်တယ်။
စိတ်ရှည်ပြီး အလုပ်ကို ရူးရူးမူးမူးလုပ်ဖို့လိုတယ်။
Phyo Paing @ Derek