Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

စိတ်ရှည်မှုဆိုတာ အရေးကြီးတဲ့
စိတ်ထားတစ်ခုဖြစ်ပါတယ်။

ကိုယ့်သားသမီးလေးကို
တစ်ခုသင်ပေးရမယ်ဆို
“စိတ်ရှည်”ဖို့သင်ပေးမယ်။

ဒီနေ့လို လိုချင်တာချက်ချင်းရတဲ့ခေတ်မှာ
စိတ်ရှည်တာက စူပါပါဝါပဲ။

တရုတ်စကားပုံမှာဆို
“铁杵磨成针” (Tiě chǔ mó chéng zhēn)
“စိတ်ရှည်သူသည် သံချောင်းကို အပ်အဖြစ် သွန်းလုပ်နိုင်သည်”
လို့ဆိုတယ်။​

Joyce Meyer ပိုတောင်မိုက်သေးတယ်။
“Patience is not the ability to wait,
but the ability to keep a good attitude while waiting”
“စိတ်ရှည်ခြင်းဆိုတာ စောင့်ဆိုင်းနိုင်တဲ့
စွမ်းရည်မဟုတ်ဘူး။
စောင့်ဆိုင်းနေစဉ်မှာ ကောင်းမွန်တဲ့
စိတ်သဘောထားကို ထိန်းသိမ်းထားနိုင်တဲ့
စွမ်းရည်သာ ဖြစ်တယ်” တဲ့။

စိတ်တိုရင် ချက်ချင်းတုန့်ပြန်။
ကိုယ့်အထင်အမြင်နဲ့ မတိုက်ဆိုင်ရင်
ခံစားမှုတွေနဲ့
ချက်ချင်းထုတ်ပြော။
အတိတ်နဲ့ အနာဂတ်နဲ့တူတူလို့ထင်တာ။
ပစ္စုပ္ပန်အတိုင်း
အနာဂတ်မှာတစ်ပုံစံထဲ
ဖြစ်နေမယ်လို့ထင်တာ။

မဟုတ်ပါဘူး။
နေ့တိုင်းအလုပ်ဖြစ်တာကိုရှာ။
နေ့တိုင်းဘဝကိုပိုကောင်းအောင်လုပ်သွား။
တစ်နေ့ကျရင် ကိုယ့်ထက်အများကြီး
အရှေ့ရောက်နေသူတွေထက်
ပိုရောက်လာနိုင်မှာပါ။

စိတ်ရှည်မှုဆိုတာ အရေးကြီးတဲ့
စိတ်ထားတစ်ခုဖြစ်ပါတယ်။

Phyo Paing @ Derek

Share Your Idea!​