Q: စီမံခန့်ခွဲမှုဆိုတာ လိုလို့လားဗျာ။
A:
စီ = စီစဥ်တယ်။
မံ = မွမ်းမံတယ်။
ခန့် = အလုပ်ခန့်အပ်။
ခွဲ = တာဝန်ခွဲဝေလွဲပေးတယ်။
Q: ဘာလဲဗျ။
A: အားတီလေး နောက်အပတ်
သောကြာနေ့ ညနေ ၅ နာရီအားလား။
Q: ခဏဗျ ကျွန်တော် calender ကြည့်လိုက်အုံးမယ်။
A: အဲ့ဒါ စီစဥျထားတာပဲ။
ပလန်လုပ်တယ်လို့ ခေါ်တယ်။
Q: သောကြာနေ့ ညနေ ၅ နာရီက
meeting လေးတစ်ခု ပြောထားတာတော့ရှိတယ်။
ဒီနေ့ confirm လုပ်မယ်ပြောတယ်။
A: အဲ့ဒါ မှမျးမံတာပဲ။
ပလန်ချပြီး မပြီးသွားဘူး။
အခြေအနေကြည့်ပြီး ပြန်မွမ်းမံ update လုပ်ရတယ်။
Q: ဒါဆို ကျွန်တော့် meeting ပြန် confirm ပြီး
PA အစ်ကို့ကို အကြောင်းပြန်ပေးလိမ့်မယ်နော်။
A: PA ကို ခန့်ထားပြီး၊
တာဝန်ခွဲပေးထားတာပေါ့။
Q: အိုကေ နားလည်ပြီ။ POLC လို့ခေါ်ကြတယ်ဟုတ်။
A: အတိုကောက်
Planning စီမံ
Organize စုစည်း၊ တာဝန်ပေး
Leading ဦးဆောင်
Control ပြန်လည်ကြည့်ကြပ် ဟုတ်တယ်ဗျ။
Q: Management ကောင်းတာမကောင်းတာဆိုတာ
ဒီက လာတာပဲ။
A: ဟုတ်တယ် Bro.
ကိုယ်စီမံထားတာနဲ့ တကယ်ဖြစ်တာနဲ့
ဘယ်လောက် နီးစပ်လဲ ကြည့်တာ။
စံမီဖို့ စီမံတယ်။
ဒါကြောင့် စီမံတဲ့အခါ
မြေပြင်အခြေအနေ၊
တကယ့်အဖြစ်အပျက်ကိုအရင်ကြည့်တယ်။
အလွယ်ကူဆုံးဆိုဗျာ
လူ နဲ့ စနစ်သုံးပြီး ပန်းတိုင်ရောက်အောင်လုပ်တာ။
စီမံခန့်ခွဲမှုပဲ။
Q: စနစ်ဆိုတာ?
A: နောက် ဆက်ကြမယ်လေ။
Q: Okay..
Akyanpay
ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay