ဒီတစ်ခုထဲအတွက် ကြည့်ရင်
DNA ပျောက်နေတဲ့ စီးပွားရေးပဲဖြစ်မယ်။
တရုတ်ပြည်မကြီးကို ကြည့်ကြည့်။
ငွေရှိတယ်။ အလုပ်တွင်တယ်။
အနှစ်မဲ့နေတယ်။
သူ့မှာ Soul ပျောက်နေတယ်။
ဘာကြောင့်လဲ?
အကုန်လုံးဟာ ငွေနောက်ပဲလိုက်လို့။
ငွေရှိလာတယ်။
ဒီတော့ ငွေထက်အဆင့်မြင့်တဲ့
ပျော်ရွင်မှုတွေကို တောင်းတလာတယ်။
လုပ်ငန်းတစ်ခုမှာ ခံယူချက်လိုတယ်။
ဘယ်ခံယူချက်အတွက်
ဒီအလုပ်လုပ်နေတာလဲသိဖို့လိုတယ်။
ဒါမှ Covid-19 တို့၊ Coup တို့နဲ့
အနာဂတ်မှာလာနိုင်တဲ့ catastrophe ကို
အန္ဒြေရှိရှိ ကျော်လွားနိုင်မှာ။
More like a spiritual pursuit
လို့ပြောရင် မှန်မယ်။
အနုပညာကို ပိုက်ဆံအတွက်လုပ်တာနဲ့
ခံယူချက်အတွက်လုပ်တာ ခံစားလို့ရတယ်။
ပိုက်ဆံအတွက်လုပ်တဲ့အခါ
ပေါက်တဲ့အလုပ်အကုန်ထလုပ်ပြီး
လိုင်းကြောင်သွားနိုင်တယ်။
ခံယူချက်အတွက်အလုပ်လုပ်တာက
ရူးသွပ်မှု၊ အနာဂတ်အတွက်
ပြင်ဆင်မှုတွေနဲ့
အတွေးအခေါ်ပေါ် အခြေခံတယ်။
မရှိသေးတဲ့ လမ်းဖောက်တယ်။
ဘာဆိုင်ပဲဖွင့်ဖွင့်၊ ဘာပစ္စည်းပဲရောင်းရောင်း
ဒီဆိုင်ပိုင်ရှင် ဦးဆောင်သူ
အတွေးအခေါ်ဘယ်လောက်ရှိတယ်ဆိုတာ
စားသုံးသူတွေ ခံစားရတယ်။
ဒါကြောင့် လုပ်ငန်းတစ်ခုမှာ
ဝိညာဉ် မပျောက်ဖို့အရေးကြီးတယ်။
၂၀ ရာစုရဲ့ အကြီးကျယ်ဆုံး
စီမံခန့်ခွဲမှု ဂုရု ပီတာဒရတ်ကား
မေးခွန်းနဲ့ ကိုယ့်ကိုကိုယ် ပြန်မေးရင်
1. What business are you in?
2. Why are you in the business?
3. What does your customer value?
ဒီမေးခွန်းသုံးခု ပြန်မေးဖို့လိုတယ်။
မဟာဗျူဟာမရှိပဲ တွေ့ရာခုတ်တာဟာ
ကျဆုံးမှုမတိုင်ခင်ထွက်တဲ့
ဆူညံသံလို့ “The art of war”
孫子兵法 မှာပြောထားတယ်မဟုတ်လား။
မဟာဗျူဟာဆိုတာ ခံယူချက်အပေါ်မှာ
အခြေခံတယ်။
ကိုယ့်လုပ်ငန်း ခံယူချက်ကို
ကိုယ်သေချာ သိပြီလား။
Phyo Paing @ Derek