စီးပွားရေးဆိုတာ repeatable system ပဲ။
ထပ်ခါထပ်ခါ လုပ်ဆောင်ရတဲ့ စနစ်ပဲ။
ဒီစနစ်မရှိရင် ဝယ်ရောင်းအဆင့်က
တက်လာမှာ မဟုတ်ဘူး။
လုပ်ငန်းစလုပ်တုန်းက စနစ်ပေါင်းစုံ
မသိသေးတဲ့အတွက် အချိန်အများကြီးပေး
တော်တော် လေ့လာယူရတယ်။
လုပ်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေကနေ
လုပ်ငန်းတစ်ခု အတွက်ဆိုအပ်တဲ့
ထပ်ခါထပ်ခါ လုပ်လို့ရတဲ့စနစ်တွေ
တဖြည်းဖြည်းတွေ့လာမယ်။
ဒီစနစ်တွေ ရလာတာနဲ့အမျှ
Marketing မှာ ကိုယ်ဝင်ပါစရာမလိုတော့ဘူး၊
Sales မှာ ကိုယ်ဝင်ပါစရာမလိုတော့ဘူး၊
CS မှာ ကိုယ်တိုင်ဝင်ပါစရာမလိုတော့ဘူး၊
Purchasing မှာ ကိုယ်တိုင်ဝင်ပါစရာမလိုတော့ဘူး၊
Accounting & Finance မှာ ကိုယ်တိုင်ဝင်ပါစရာ
မလိုတော့ဘူး၊
အလုပ်ခေါ်စာရေးတာ၊ အင်တာဗျူးတာ၊
ခန့်တာ၊ အလုပ်ခေါ်စာထုတ်ပေးတာ၊
သင်တန်းပေးတာ ကိုယ်တိုင်ပါစရာမလိုတော့ဘူး။
စာရင်းသွင်းတာ၊ အရှုံးအမြတ်တွက်တာ၊
လက်ကျန်စာရင်းရှင်းတမ်း၊ ဝင်ငွေထွက်ငွေ
ကိုယ်တိုင် ဝင်ပါစရာမလိုတော့ဘူး။
ဒီလို ထပ်ခါထပ်ခါလုပ်လို့ရတဲ့ စနစ်ကို
မလေ့လာ မသုံးသပ်၊ အိမ်စာမလုပ်ပဲ
လုပ်ငန်းလုပ်နေရင် ဝယ်ရောင်းအဆင့်က
တက်လာမှာ မဟုတ်ဘူး။
Branding, Marketing, Sales, CS
Market Research, Purchasing,
Inventory Management, Admin,
Operations, HR, Accounting & Finance,
Strategic Planning
ဒီအပိုင်းတွေက ထပ်ခါထပ်ခါလုပ်လို့ရတဲ့
စနစ်တွေပဲ။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay