စီးပွားရေးမှာလဲ အယူအဆလေးမျိုးရှိတယ်။
၁။ ငါလုပ်ချင်တာလုပ်မယ် ဖောက်သည်ကို ဂရုမစိုက်ဘူး။
၂။ ဖောက်သည်အမြဲတမ်း မှန်တယ်။
၃။ နှစ်ဖက် မျှမျှ တတပေါ့။
၄။ ဘူစမာ (Bustomer) တွေရှောင်။
လိုအပ်ရင် “no” လို့ပြောရဲတဲ့ သတ္တိထား။
အရမ်းကောင်းတဲ့ ဖောက်သည်တွေ
(Gustomer = Good Customer) တွေကို
အကောင်းဆုံးဝန်ဆောင်မှုပေး။
ဘဝဆိုတာ ဘူဖေးလိုပဲ
ကိုယ်ကြိုက်တာ ကိုယ်ရွေးစားလို့ရတယ်။
နံပတ်လေး အဆင့်ဖြစ်ဖို့အတွက်
ကိုယ်လုပ်နေတဲ့ အလုပ်မှာ
“အထူး ဆရာကျ” ဖို့လိုတယ်။
တစ်ဖက်ကမ်းခပ် ကျွမ်းကျင်ဖို့လိုတယ်။
အချိန်တွေ အများကြီးရင်းနှီးမြုပ်နှံထားဖို့လိုတယ်။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay