Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

စီးပွားရေးမှာ
“သာ” ထက် “ကွာ” က ပိုအရေးကြီးတယ်။

စီးပွားရေးမှာ
“သာ” ထက် “ကွာ” က ပိုအရေးကြီးတယ်။

ဒီနေ့ခေတ် လုပ်ငန်းအချင်းချင်း
ပြိုင်တဲ့အခါ
စျေးပိုသက်သာအောင်၊
ဝန်ဆောင်မှုပိုသာအောင်၊
“သာ” ဖို့ အသားပေးကြတယ်။

ဒီနေ့ခေတ်က ကုန်ပစ္စည်း၊ ဝန်ဆောင်မှု
ရှားတဲ့ ခေတ်မဟုတ်တော့ဘူး။

အချိုရည်လို့ပြောလိုက်ရင်
ကိုကာကိုလာကို ပြေးမြင်ကြတယ်။
သူထက် အရသာပိုသာအောင်လိုက်ပြိုင်တာ
ပက်ဆီ။
ဒါပေမယ့်အချိုရည်လို့ပြောလိုက်တဲ့အခါ
လူအများစုက ကိုကာကိုလာကို ပြေးမြင်ကြဆဲပဲ။

ဒါပေမယ့် အားဖြည့်အချိုရည်လို့ပြောလိုက်တဲ့အခါ
ကျွဲရိုင်း Red Bull ကို ပြေးမြင်ကြတယ်။

ဘာကြောင့်လဲဆိုတော့
အရင်က မရှိသေးတဲ့ အချိုရည်အကန့်သစ်ဖြစ်တဲ့
“အားဖြည့်” အချိုရည်ဆိုတဲ့
လုံးလုံးကွာတဲ့အပိုင်း category ကို
ရွေးချယ်ခဲ့လို့ပါ။

Blue Ocean မဟာဗျူဟာဆိုတာ ကြားဖူးလိမ့်မယ်။
Cirque du Soleil ဆပ်ကပ်အဖွဲ့က
သူ့တို့ကိုယ်သူတို့ ဆပ်ကပ်လို့မမြင်ဘူး။
တိရိစ္ဆာန်အသုံးမပြုတဲ့ ပြပွဲ (theatre) လို့မြင်တယ်။
အဲ့ဒီ အကန့် category ကိုသွားတယ်။
ဘီလီယံနဲ့ချီအောင်မြင်ခဲ့တယ်။

ဒါကြောင့် သာဖို့ထက် ကွာဖို့လုပ်ပါ။

ဘာတွေ ကွာရမလဲ။
၁။ လုပ်ငန်းတည်ဆောက်တဲ့ အုပ်မြစ်
အခြေခံအတွေးအခေါ်ကွာရမယ်။
၂။ အကန့်ကို သေချာ ဒီဇိုင်းလုပ်ရမယ်။
၃။ ကုန်ပစ္စည်းလည်ပတ်မှုစနစ်ကို ကွဲထွက်နေအောင်လုပ်ရမယ်။
၄။ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေကို ကွဲနေအောင်လုပ်ရမယ်။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay

Share Your Idea!​