စီးပွားရေးလုပ်ငန်းတိုင်း ရှိထားရမယ့် Buyer Persona
ကိုယ့်လုပ်ငန်းရဲ့ အဓိက ဖောက်သည်က ဘယ်သူတွေလဲ ?
သူတို့ဟာ ဘယ်လိုလူမျိုးလဲ ?
သူတို့ဟာ ဘာလို့ ကိုယ့်ရဲ့ ကုန်ပစ္စည်းကို ဝယ်ကြတာလဲ ?
သူတို့ ရဲ့ အကြိုက်က ဘာလဲ ? သူတို့ ဘာတွေကို စိတ်ဝင်စားလဲ ?
သူတို့ ဘဝမှာ အဖြေရှာနေတဲ့ ပြဿနာတွေက ဘာတွေလဲ ?
ဒီမေးခွန်းတွေကို ကိုယ့်အနေနဲ့ မဖြေနိုင်သေးဘူး ဆိုရင် သေချာပါတယ်။
ကိုယ့်လုပ်ငန်းအတွက် Buyer Persona တစ်ခုကို တည်ဆောက်ဖို့ လိုနေပါပြီ။
Buyer Persona ဆိုတာ လုပ်ငန်း ၁ခုရဲ့ အဓိက ဖောက်သည်အုပ်စုကို စုစည်းပြီး အဲဒီဖောက်သည်အုပ်စုရဲ့ တူညီတဲ့ အချက်အလက်တွေကို ပေါင်းပြီးတဲ့အခါ ကိုယ့်လုပ်ငန်းအတွက် ဖောက်သည်ပုံရိပ် တစ်ခုသတ်မှတ်တာကို ဆိုလိုပါတယ်။
ဥပမာ
ကိုယ့်အနေနဲ့ ကားအရောင်းအဝယ်လုပ်ငန်း လုပ်တယ် ဆိုပါစို့။ ကိုယ့်ဆီမှာ အမြဲဝယ်နေကျ ဖောက်သည် အုပ်စုရဲ့ တူညီတဲ့အချက်တွေကို ဆွဲထုတ်ကြည့်လိုက်တဲ့အခါ ကိုယ့်လုပ်ငန်းရဲ့ Buyer Persona ဟာ
– အသက် ၃၀ မှ ၄၀ ကြား
– အမျိုးသား
– ကိုယ်ပိုင်လုပ်ငန်းလုပ်တယ်။
– တစ်လကို ဝင်ငွေ သိန်း ၃၀ အထက်ရှာနိုင်တယ်။
– ကား မော်ဒယ်အသစ်ကို မကြာခဏ ပြောင်းစီးရတာကို သဘောကျတယ်။
– အားလပ်ချိန်မှာ မိသားစု၊ အပေါင်းအသင်းတွေနဲ့ ခရီးထွက်ရတာကို သဘောကျတယ်။
ဆိုပြီး ရလာပါလိမ့်မယ်။
Buyer Persona ရှိတဲ့အခါ ဘာတွေအကျိုးရှိလဲ ?
စီးပွားရေး လုပ်ငန်းတစ်ခုအနေနဲ့ ကိုယ့်လုပ်ငန်းရဲ့ အဓိကဖောက်သည် အုပ်စုကို Buyer Persona အဖြစ် တည်ဆောက်ထားနိုင်တဲ့အခါမှာ
– ဖောက်သည်တွေရဲ့ လိုအပ်ချက်တွေ၊ အခက်အခဲ၊ ပြဿနာတွေကို ရှင်းရှင်းလင်းလင်း သိလာမယ်။
– ဖောက်သည်တွေရဲ့ အကြိုက်ကို နားလည်လာမယ်။
– ဖောက်သည်တွေနဲ့ ထိထိရောက်ရောက် ဆက်သွယ်နိုင်လာမယ်။
– ဖောက်သည်တွေရဲ့ ပြဿနာတွေကို တိတိကျကျဖြေရှင်းပေးနိုင်တဲ့ ကုန်ပစ္စည်းတွေ ထုတ်လုပ်နိုင်လာမယ်။
မိတ်ဆွေအနေနဲ့ ကိုယ့်လုပ်ငန်းအတွက် Buyer Persona တစ်ခုကို အလွယ်တကူတည်ဆောက်ချင်တယ်ဆိုရင် www.AkyanPay.com မှာ Subscribe လုပ်ပြီး Buyer Persona Template ကို သုံးပြီး တည်ဆောက်နိုင်ပါပြီ။
AkyanPay
ကိုယ်မပါပဲ လည်ပတ်တဲ့ လုပ်ငန်း တည်ဆောက်ပါ။