Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

စီးပွားရေးလုပ်တယ်ဆိုတာ

စီးပွားရေးလုပ်တယ်ဆိုတာ
တခြားသူရဲ့ ပြဿနာကို ဖြေရှင်းပေးတာ။
ဖောက်သည်တွေရဲ့ ပြဿနာကို
အကောင်းဆုံးဖြေရှင်းပေးနိုင်ရင်
လုပ်ငန်းအောင်မြင်မယ်။
ဒါကြောင့် ဖောက်သည်တွေ
ဘာလိုချင်လဲ၊ ဘာမလိုချင်ဘူးလဲ
သေချာသိရသလို
စဥ်းစားပုံစဥ်းစားနည်း၊ ယဥ်ကျေးမှု
ဒါတွေကို လဲ သိရတယ်။

စီးပွားရေးလုပ်တယ်ဆိုတာ
How to start a business တို့
How to make money online တို့
How to get rich တို့
online က ရှာနေရုံနဲ့ မပြီးသွားဘူး။

ပိုက်ဆံရှာချင်ရင်
ဖောက်သည်တွေကြုံနေတဲ့ပြဿနာကို
အရင်ရှာ။
ဖောက်သည်တွေရဲ့ ပြဿနာတွေကို
တခြားသူတွေ၊ ပြိုင်ဖက်တွေထက်
အကောင်းဆုံးဖြစ်အောင် ဖြည့်ဆည်းပေး။

ဒါက အောင်မြင်မှုရဲ့ formula လို့ပဲထင်တယ်။
နောက်ပြီး လူတိုင်း ကိုယ့်ဖောက်သည်
မဖြစ်နိုင်ဘူးဆိုတာလဲ သတိပြုဖို့လိုတယ်။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay

Share Your Idea!​