ဖက်ထုတ်ကြော်ရောင်းတဲ့ အဒေါ်ကြီးသည် Customer Service မလေ့လာဖူးပေမယ့် အပြုံးနဲ့ လုပ်ရပ်မှာစေတနာပါတယ်။ သူ့ဆိုင်အောင်မြင်တယ်။
အလားတူ ဆံသဆရာလေးဟာ ဆံပင်ညှပ်သူစိတ်တိုင်းကျကို သူ့ဆံပင်တွေအတိုင်း မမောနိုင်မပန်းနိုင်ပြင်ပေးရှာတယ်။
ကျောင်းဆရာမလေးဟာ တပည့်တွေကို မပြောနိုင်မပန်းနိုင် သင်ပြပေးရှာတယ်။
စျေးသည်ကြီးဦးချိုသည် စျေးဝယ်သူတွေကို ညီအစ်ကိုအရင်းပမာ အပြုံးနဲ့ စေတနာအပြည့်နဲ့ ရှင်းပြရှာသည်။
စားပွဲထိုးကောင်လေးသည် ဧည့်သည်ကို အပြုံးနဲ့ဆီးကြိုပြီး လိုရာကိုအဆင်ပြေစွာသုံးဆောင်နိုင်ဖို့ဆောင်ရွက်ပေးသည်။
လောကမှာ စေတနာပါတဲ့လုပ်ငန်းတွေ အောင်မြင်ဖို့မခက်သလို၊ အလုပ်အပေါ်စေတနာထားသူအတွက် အလုပ်ကလည်းမရှားပါဘူး။ အောင်မြင်ဖို့စေတနာထားတာထက်၊ စေတနာထားလို့အောင်မြင်ကြသည်။
Phyo Paing @ Derek