Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

စျာန်ဝင် flow state

ဘဝမှာ ပညာရပ်တွေကို
ချစ်လို့ လေ့လာတာထက်
အသုံးဝင်လို့ လေ့လာတာများတယ်။

၂၀၁၂ မှာ စီးပွါးရေးပညာလေ့လာတော့
မားကတ်တင်းက အနာဂတ်မှာ
အရေးပါလာမယ် ရိပ်မိတယ်။
၂၀၁၃ ကစပြီး မားကတ်တင်းကို
All-in အားကုန်ထည့်တယ်။
သူ့ကို အားထည့်သလို ရလဒ်လဲပြန်ရတယ်။

လူရှေ့သူရှေ့စကားပြောကောင်းတဲ့
သူတော့မဟုတ်ဘူး။
စာသင်တဲ့ကျွမ်းကျင်မှုက
ကိုယ့်အတွက် အင်မတန်အသုံးဝင်တယ်။
၁။ စာတွေကို သင်ရင်းပိုလေ့လာနိုင်တယ်။
၂။ လူတွေနားလည်အောင်ပြောဆိုရှင်းပြခြင်းကို
နေ့စဉ်လေ့ကျင့်လို့ရတယ်။
၃။ အသက်မွေးဝမ်းကြောင်းပြုလို့ရတယ်။
၄။ တခြားနယ်ပယ်တိုင်းမှာသုံးလို့ရတယ်။
ဒါနဲ့ စာစသင်တယ်။

စိတ်ပညာ။
လူတွေနဲ့ ဆက်ဆံနေရသမျှ
စိတ်ပညာက အသုံးပြုနေရမှာ။
ဒီတော့တစ်ခါလေ့လာ တစ်သက်လုံးသုံးလို့ရတယ်။

အတွေးအခေါ်ပညာ။
စဉ်းစားခြင်း၊ တွေးခေါ်ခြင်း
ဒါကလဲ တစ်သက်လုံးလုပ်ရမှာ။
နောက်ပြီး
မဟာဗျူဟာမြောက် စီမံကိန်းချခြင်း
Strategic Thinking/Planning မှာ
အမြဲအသုံးပြုလို့ရတယ်။

စွမ်းဆောင်ရည်မြင့် productivity
တစ်သက်လုံး ဒီစိတ်နဲ့ ခန္ဓာကို
ခိုင်းစားညွှန်ကြားရမှာ။
ညွှန်ကြားမှုစနစ်မသိရင်
လူပန်းပြီး စိတ်ထောင်းကိုယ်ကြေနိုင်တယ်။
ဒီတော့ ကိုယ့်ကိုကိုယ်ကူညီနိုင်ဖို့
တက်ကျမ်း self-help က စတင်ပြီး
အပြုသဘောဆောင်စိတ်ပညာ
positive psychology နဲ့
စွမ်းဆောင်ရည်မြင့်နောက်တစ်ဆင့်ရောက်ဖို့
productivity အပြင်
ပျက်ရင်ပြန်ပြင်ဖို့ healing တို့
self-therapy တို့လုပ်တယ်။

Business Consulting.
အသက် ၁၀၀ မနေရလဲ။
အမှု ၁၀၀ ကြုံမှာပဲ။
ဒီတော့ ပြဿနာဖြေရှင်းခြင်းကို
နေ့စဉ်လုပ်ဆောင်ဖို့ consulting ကိုသွားတယ်။
လအလိုက်၊ နှစ်အလိုက် commitment မပေးနိုင်ဘူး။
ဒါကြောင့် တစ်ပတ်တစ်ခါတွေ့တဲ့
Brain consulting ကိုရွေးချယ်တယ်။

နည်းပညာထုတ်ကုန်။
SaaS
တစ်ခါဖန်တီး တစ်သက်လုံးရောင်းလို့ရနိုင်တယ်။
အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်းဖန်တီးနိုင်တယ်။
ဒါကြောင့် ဒါနဲ့ပတ်သက်လို့
အချိန်ပေးပြီး ပြုစုပျိုးထောင်တယ်။

ပိုက်ဆံရှာတယ်ဆိုတာက
ကိုယ်လုပ်ချင်တဲ့အလုပ်ကို
လုပ်ချင်တဲ့အချိန်မှာ
လုပ်လို့ရနိုင်ဖို့။

ဒါကို reverse engineer လုပ်ပြီး
ကိုယ်လုပ်ချင်တဲ့အလုပ်ကို
လုပ်ချင်တဲ့အချိန်မှာ
လုပ်ပြီး ဝင်ငွေရဖို့
ဘဝကို lifestyle entrepreneur တစ်ယောက်လို
ဖြတ်သန်းဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။

ဘဝမှာ Work-Life Balance မလိုတော့ဘူး။
Work-Life က Integration ဖြစ်ပြီး
စျာန်ဝင် flow state ရောက်နေရင်ရပြီ။

Phyo Paing @ Derek

Share Your Idea!​