Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

စွန့်ဦးတီထွင်ဆိုတာ ဖန်တီးသူတွေဖြစ်တယ်။

စွန့်ဦးတီထွင်ဆိုတာ ဖန်တီးသူတွေဖြစ်တယ်။
သူတို့ဟာ အခွင့်အလမ်းကိုဝယ်သူမဟုတ်ဘူး။
အခွင့်အလမ်းကို ဖန်တီးသူတွေဖြစ်တယ်။
သူတို့က ကိုယ့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေကို
ဖန်တီးနေရတာကို ပျော်တဲ့သူတွေဖြစ်တယ်။

ဖန်တီးသူတိုင်းက စွန့်ဦးတီထွင်မဖြစ်ပေမယ့်၊
စွန့်ဦးတီထွင်တိုင်းကတော့ ဖန်တီးသူဖြစ်တယ်။
ဒီလို မဖန်တီးပဲ မနေနိုင်တဲ့သူတွေကို
စွန့်ဦးတီထွင်လို့ခေါ်ပြီး
သူတို့ရဲ့ ဖန်တီးမှုတွေရဲ့အောင်မြင်မှုကို
တိုးတက်မှု growth နဲ့ တိုင်းတာတယ်။
လူတိုင်းဟာ စွန့်ဦးတီထွင်ဖြစ်နိုင်တယ်။
မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးလေးခုကို
လှုပ်နှိုးဖို့တော့လိုတယ်။

၁။ Dreamer အိမ်မက်မက်သူ
လုပ်ငန်းတွေဟာ စိတ်ကူးအိမ်မက်တွေကစတင်တယ်။
ဒီလို ကုန်ပစ္စည်း၊ ဝန်ဆောင်မှု၊ ဆိုင်၊
လုပ်ငန်းလေး စချင်လိုက်တာ စိတ်ကူးယဥ်မှုကစတယ်။

တချို့စိတ်ကူးတွေက ကိုယ့်နှလုံးသားထဲကလာတဲ့
တစ်ကိုယ်ရေ တကာရ personal ဆန်တယ်။
ကော်ဖီဆိုင်လေးဖွင့်ချင်တယ်။
ဘယ်လို App လေးထုတ်တယ်။
ဘယ်လို Agency အေဂျင်စီလေးဖွင့်ချင်တယ်။
စိတ်ယူယဉ်အိမ်မက်တွေ ရှိတတ်တယ်။
ဒါကို personal dream လို့ခေါ်တယ်။

နောက်တစ်ခုကတော့ impersonal dream ပါ။
ကိုယ့်ကော်ဖီဆိုင်လေးတွေ လူတွေဘယ်လို
ခံစားရမလဲ။
ကိုယ်ထုတ်လိုက်တဲ့ app လေးကြောင့်
သူတို့ဘဝ ဘာတွေ အပြောင်းအလဲဖြစ်သွားမလဲ။
ကိုယ့်ဖောက်သည်တစ်ယောက်အနေနဲ့ဆို
ကိုယ်ရောင်းတဲ့ ကုန်ပစ္စည်းကို
ဘယ်လိုမြင်မလဲ၊ ဘယ်လိုခံစားရမလဲ၊
ဘာပြဿနာတွေဖြေရှင်းသွားမလဲ။
မြင်ကြည့်၊ ကြားကြည့်၊ ခံစားကြည့်ဖို့လိုတယ်။
ဒါကိုတော့ impersonal dream လို့ခေါ်တယ်။

၂။ စဥ်းစားသုံးသပ်သူ Thinker

အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့
တိကျတဲ့ အနာဂတ်အမြင်တွေလိုတယ်။
ဒီအနာဂတ်အမြင်ကို vision လို့ခေါ်တယ်။
အိမ်တိုင်း အိမ်တိုင်းမှာ ကွန်ပြူတာ
တစ်လုံးရှိရမယ်။
ကွန်ပြူတာတိုင်းမှာ မိုက်ခရိုဆော့ဝင်းဒိုးရှိရမယ်။
ဒါက ဘီဂိတ်ရဲ့ အနာဂတ်အမြင်ဖြစ်ခဲ့တယ်။

စဥ်းစားသုံးသပ်သူ Thinker က
အိမ်မက်မက်သူ Dreamer ရဲ့
အိမ်မက်တွေကို တကယ့်မြေမြင်နဲ့
နီးစပ်အောင် ချိန်ငြိပေးသူဖြစ်တယ်။

လုပ်ငန်းတစ်ခုမှာ အနာဂတ်အမြင်လိုတယ်။
ဒီအနာဂတ်အမြင်ဟာ ကိုယ့်အတွက်လိုသလို၊
ကိုယ့်ဖောက်သည်တွေအတွက်လဲလိုတယ်။
နောက်လုပ်ငန်းတစ်ခုဆိုတာ အဖွဲ့အစည်းတစ်ခုဖြစ်တယ်။
အဖွဲ့အစည်းတစ်ခုဆိုတာ စနစ်တွေပေါင်းစုထားတာဖြစ်တယ်။
စနစ်ဆိုတာ အဖြေဖြစ်တယ်။

ကိုယ့်ဝန်ထမ်းတွေက ကိုယ့်လုပ်ငန်းမဟုတ်ဘူး။
ဝန်ထမ်းတွေက ကိုယ့်လုပ်ငန်းကို
သူတို့ကိုယ် သူတို့ထက် စိတ်ဝင်စားမှာမဟုတ်ဘူး။
ဒါကြောင့် ဝန်ထမ်းတွေကို သူတို့ရဲ့
လိုအပ်ချက်တွေ ဖြည့်ဆည်းပေးတဲ့စနစ်လိုတယ်။
ဒီလိုဖြည့်ဆည်းပေးပြီး
ကိုယ့်လုပ်ငန်းရဲ့ ဖောက်သည်တွေရဲ့
လိုအပ်ချက်ကို ဝန်ဝမ်းတွေက
သေချာဖြည့်ဆည်းပေးနေဖို့စနစ်လိုတယ်။

ကိုယ့်လုပ်ငန်းဆိုတာ ကိုယ့်အိုင်ဒီယာပဲ။
ဒါကြောင့် ကိုယ်က ကိုယ့်လုပ်ငန်းအကြောင်း
အသိဆုံးသူဖြစ်ဖို့လိုတယ်။
စီးပွားရေးဆိုတာ ပိုက်ဆံရှာဖို့ဖြစ်တယ်။
လုပ်ငန်းမှာရှိတဲ့ ဝန်ထမ်းတိုင်းဟာ
ပိုက်ဆံရှာကျွမ်းကျင်သူတွေဖြစ်ဖို့လိုတယ်။
ကိုယ့်လုပ်ငန်းရဲ့ စနစ်တွေက
ပိုက်ဆံကိုဘယ်လိုရှာသလဲ၊
ဘယ်လောက်ပမာဏကို
ဘယ်လောက် ထိထိမိမိရှာသလဲ
ဒါတွေ အရေးကြီးတယ်။
ဒါက လုပ်ငန်းတစ်ခုဖြစ်တည်ခြင်းရဲ့
အမှန်တရားပဲ အားတီ၊ အားမေတို့။

နောက်ပြီး ဖောက်သည်ဝန်ဆောင်မှုဆိုတာထက်
ဖောက်သည်စိတ်ကျေနပ်ရေး ဒို့အရေး
customer commitment စိတ်ထားတတ်ဖို့က
ပိုအရေးကြီးတယ်။

လုပ်ငန်းငယ်လေးတွေမှာ
၁။ စတင်တဲ့အဆင့်
၂။ ကြီးထွားတဲ့အဆင့်
၃။ ကိုယ်မပါပဲ သူ့အလိုလိုလည်ပတ်တဲ့အဆင့်ရှိတယ်။

ဒီတော့ ကိုယ်က ကိုယ့်လုပ်ငန်းရဲ့
စီးပွားရေးမော်ဒယ် (business model) ကိုသိရမယ်။
သေချာ ဒီဇိုင်းလုပ်ရမယ်။
စီးပွားရေးမော်ဒယ်ဆိုတာကို အလွယ်ပြောရင်
ကိုယ့်လုပ်ငန်း ဘယ်လိုငွေရှာလဲ၊
ငွေရှာတဲ့ ပုံစံဖြစ်တယ်။
Online shop ဖွင့်ပြီး ပစ္စည်းရောင်း
ငွေရှာသလား။
ပစ္စည်းအော်ဒါတွေလက်ခံပြီးမှ
နိုင်ငံခြားက ပြန်မှာပေးသလား။
Website/ App ကနေ စာအုပ်တွေကို
နှစ်စဥ်ကြေး ငှားပြီး ငွေရှာသလား။
ဒီ business model ကို စဥှးစားတာ
Thinker ဖြစ်တယ်။

၃။ ပုံပြောသူ Story-teller

တတိယ ကိုယ်ရည်ကိုယ်သွေးက
ပုံပြောသူဖြစ်တယ်။
သူ့လုပ်ငန်းကို sexy ဖြစ်အောင်၊
ရင်ခုန်အောင်၊ လူတွေစိတ်ဝင်စားအောင်၊
ကြွေအောင် ပြောတတ်သူဖြစ်တယ်။
စိတ်ခံစားမှု၊ တက်ကြွမှုတွေကို
မီးငြိတတ်သူဖြစ်တယ်။

ကိုယ့်လုပ်ငန်းကို ဘာကြောင့်စတင်ခဲ့တယ်။
ဘာတွေလုပ်နေတယ်။
လုပ်ငန်းရဲ့ ရည်ရွယ်ချက်ကဘာ။
ကိုယ့်လုပ်ငန်း၊ ကိုယ့်ကုန်ပစ္စည်း၊
ဝန်ဆောင်မှု ပုံပြင်နဲ့
လူတွေကို ဆက်သွယ်သူဖြစ်တယ်။

၄။ ဦးဆောင်သူ The Leader

သူကတော့ အထက်ကပြောခဲ့တာတွေကို
တာဝန်ယူ အကောင်အထည်ဖော်သူဖြစ်တယ်။
The leader and the mission လို့ခေါ်တယ်။
ကိုယ်အကောင်အထည်ဖော်ရမည့်
တာဝန်တွေကို တာဝန်ယူပြီး
အကောင်အထည်ဖော်သူဖြစ်တယ်။
စနစ်၊ လုပ်ငန်းတည်ဆောက်မှုပုံစံ၊
ဖွဲ့စည်းပုံ၊ ဦးဆောင်မှု စွမ်းဆောင်ရည်တွေနဲ့
အကောင်အထည်ဖော်သူဖြစ်တယ်။

ဒါကတော့ မိုက်ကယ်ကာဗာအမြဲပြောတဲ့
စွန့်ဦးတီထွင်တွေမှာရှိတဲ့
ကိုယ်ရည်ကိုယ်သွေးလေးခုကို
ကိုယ်နားလည်သလို အားတီ၊ အားမေတို့အတွက်
insider note ထုတ်ထားတာဖြစ်ပါတယ်။

လုပ်ငန်းစတင်တော့ တော်တော်လေး
အခက်အခဲဖြစ်တယ်။
စွန့်ဦးတီထွင်ဆိုတာ သမာအာဇီဝလုပ်ရင်
မြက်စားရသလိုပါပဲလားလို့တောင်
စဥ်းစားခဲ့ဖူးတယ်။
ဒါနဲ့ အဖြေရှာရင်း လျှို့ဝှက်ချက်
အချို့တွေ့ခဲ့တယ်။
ဒါနဲ့ Akyanpay dot com ကိုစလုပ်ဖြစ်တယ်။

အဲ့တော့ ဒီ Dreamer, Thinker,
Story-teller နဲ့ Leader ကိုယ်ရည်ကိုယ်သွေးတွေကို
လှုပ်နှိုးလိုက်ပါ အားတီ၊ အားမေတို့။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay

Share Your Idea!​