ငွေမရှိဘူး၊ အဆက်အသွယ်မရှိဘူး၊ အရင်းအနှီးမရှိဘူး၊ အခြေခံမရှိဘူး၊ အတွေ့အကြုံမရှိဘူး။ ဆင်ခြေတွေပေးနေရင်တော့ ရလဒ်ဘယ်တော့မှ ရမှာ မဟုတ်ဘူး။ ဖြစ်ချင်ရင် ရအောင်လုပ်ရမှာ ကိုယ့်တာဝန်ပဲ။ မတိုးတက်ချင်တဲ့လူတစ်ယောက်ကို သေလောက်အောင်ပြော ပြောင်းလဲဖို့သိပ်မရှိဘူး။ .
ကိုယ်ဘယ်လောက်တန်လဲ သိချင်ရင် ငွေချေးကြည့်တဲ့။ (VC တစ်ယောက်ပြောတဲ့စကား) ကိုယ့်လုပ်ငန်းမအောင်မြင်ဘူးဆိုတာ မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်မရှိလို့ပဲ။ Whatever it takes ဘာဖြစ်ဖြစ် ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ဓာတ်ရှိရမယ်။ လူပေါင်းဆန့်ရမယ်။ ဆာလောင်မှု ပြင်းပြမှ ဖြစ်မယ်။ တချို့သူတွေ မအောင်မြင်တာ ဦးနှောက်မရှိလို့။ တချို့က ပြင်းပြတဲ့စိတ်ဆန္ဒနဲ့ ဇွဲမရှိလို့။ တချို့က ကံမကောင်းလို့။ ပထမနှစ်ခုမရှိရင် ဆင်ခြေတွေကြားရလိမ့်မယ်။
Phyo Paing @ Derek