သူတို့ ဟားတိုက်နေတဲ့ သူက
အဲ့ဒီ ဟားတိုက်မှုတွေက
သိန်းထောင်ပေါင်းများစွာရှာသွားတာ
မသိကွဘူး။
ဒါက social media ဂိမ်းမှာ
ပလေတိုပြောခဲ့တဲ့ plato cave လိုပဲ။
လူအများစုက နောက်ကွယ်ကနေ
တချို့လူတွေကပြတဲ့
အရိပ်တွေကိုပဲ မြင်တယ်။
အဲ့ဒီအရိပ် (shadow) တွေကို
အမှန်တရား (reality) ထင်ပြီး
ငြင်းကြ၊ ခုန်ကြ၊ ဟားတိုက်ကြနဲ့
ပွဲကြည့်သူအဖြစ်နဲ့ ဘဝတွေကုန်သွားတယ်။
ဒီ Media Manipulation ဟာ
လူတွေရဲ့ အားနည်းချက်ဖြစ်တဲ့
စိတ်ခံစားမှု၊ ပျင်းရိစိတ်နဲ့၊
သိမ်ငယ်စိတ် (inferiority complex) ကို
အသုံးချပြီး social media manipulator တွေက
လုပ်သွားတယ်။
ကြည့်ပါအုံး သူက နာမည်ကြီးစောက်ပေါပဲတို့၊
ငပေါပါကွာတို့ အဲ့လိုလေး ဝေဖန်ဟားတိုက်မှုက
ego massage အတ္တကိုအရောင်တင်မှု
တစ်ခုကို ဖြစ်သွားစေတယ်။
ဝေဖန်သူတွေကို နေလို့ထိုင်လို့ ကောင်းသွားတယ်။
သူတို့မသိတာက ဒီအချက်ကိုအသုံးပြုပြီး
Social Media Manipulator က
monetization ပဲဖြစ်ဖြစ်၊
social media impression တွေကပဲဖြစ်ဖြစ်
သာမာန်ကြည့်တဲ့သူဝင်ငွေရဲ့
အဆတစ်ထောင်မဟုတ်ရင်တောင်
တစ်ရာကျော်လောက်ကို သဲ့ယူသွားပြီ။
ဒီနည်းနဲ့ပဲ Hip Hop ရဲ့ gangsta rap တွေ
ကြီးလာတာပဲ။
ကိုယ်က ဟိုလူ့ကို diss လိုက်
ဟိုလူက ပြန် diss လိုက်နဲ့
ခွေတွေ ရောင်းအားကောင်းပြီး
rapper တွေ ချမ်းသာသွားတာ။
Jay-Z က Nas ကိုပြောပြန်ပြီဟေ့
Nas က Jay-Z ကိုပြောပြန်ပြီ။
ဟာ Snoop Lion က Eminem ကိုတွယ်ပြီ၊
Eminem က ပြန်ပြောတယ်ဟ။
နောက်ဆုံး နိုင်ငံရေးသမားတွေ၊
ဘီလီယံနာသူကြွယ်တွေတောင်
ဒီနည်းစနစ်ကို ပုံမှန်အသုံးပြုလာကြတယ်။
ကိုယ်တွေက အရိပ် shadow ထဲမှာ
ပျော်နေတဲ့ ကလေးငယ်ဖြစ်နေတယ်။
ဒီအချက်တွေသိတော့
အရိပ်တွေထဲမှာ မနေတော့ဘူး။
အမှန်တရား (reality) ကိုမြင်တတ်အောင်
ကြိုးစားကြည့်ပြီး ကိုယ့်လမ်းကိုယ်လျှောက်ဖို့
ဆုံးဖြတ်ခဲ့တယ်။
Phyo Paing @ Derek