အားတီ၊ အားမေတို့ရေ
ငွေကြေးတွေ အသစ်ထွက်၊
အပြောင်းအလဲ များပြီး
ကတိတွေပေးပြီး ဗလောင်းဗလဲများတဲ့
လောကကြီးမှာ
တခါတလေ ကိုယ့်ဘဝကိုယ်ကို
စာရင်းစစ်ဖို့ မေ့နေတတ်တယ်။
ကျွန်တော်တို့ ကိုယ့်ဘဝကိုယ်ကို
စာရင်းစစ် လေ့ကျင့်ခန်းလေးလုပ်ကြည့်ရအောင်။
၁ ကနေ ၁၀ ထိ အမှတ်ပေးကြည့်ကြည့်။
၁ က အနဲဆုံး။
၁၀ က အများဆုံး။
အခုဆိုရင်
၁။ ကိုယ့်ကျန်းမာရေးနဲ့ ကြံ့ခိုင်ရေးကို
၁ က နေ ၁၀ ဆို ဘယ်လောက်အမှတ်ပေးမလဲ?
၂။ ကိုယ့်အလုပ်အကိုင်နဲ့ စီးပွားရေးအတွက်
၁ က နေ ၁၀ ဆို ဘယ်လောက်အမှတ်ပေးမလဲ?
၃။ ကိုယ့်အချစ်ရေးအတွက်
၁ က နေ ၁၀ ဆို ဘယ်လောက်အမှတ်ပေးမလဲ?
၄။ ကိုယ့်ငွေကြေးပိုင်ဆိုင်မှုနဲ့ပတ်သက်လို့
၁ က နေ ၁၀ ဆို ဘယ်လောက်အမှတ်ပေးမလဲ?
၅။ ကိုယ့်ရဲ့တိုးတက်မှုအတွက်
၁ က နေ ၁၀ ဆို ဘယ်လောက်အမှတ်ပေးမလဲ?
ဘဝမှာ စာရင်းမမှားအောင်
အိတ်ပေါက်နဲ့ ဖားကောက်မဖြစ်အောင်
စာရင်းမကြာမကြာစစ်ပေးဖို့လိုတယ်။
အမှတ်နည်းနေတဲ့အပိုင်း
ပြင်ပေးဖို့လိုတယ်။
Phyo Paing @ Derek