တခါတလေ ကိုယ်နေတဲ့မြို့
ကိုယ်ပေါင်းတဲ့ အပေါင်းအသင်ကြား
ကိုယ်လုပ်တဲ့အလုပ်
ကိုယ့် အလုပ်နယ်ပယ်မှာ
တခြားသူတွေနဲ့ အတူပဲ
ကိုယ်က တစ်ယောက်တည်း
လွတ်နေတတ်တယ်။
လူတွေက စိတ်ဝင်စားတာ
ကိုယ်က စိတ်ဝင်မစားတာမျိုး။
သူများတွေ inspire ဖြစ်တာ
ကိုယ်ကမဖြစ်။
သူတို့ဖြစ်ချင်တာက တမျိုး
ကိုယ်ဖြစ်ချင်တာက တမျိုး။
သူများတွေ ပျော်နေတုန်း
ကိုယ်က အနာဂတ်အတွက်စဉ်းစား
ကြိုတင်တိုင်ပတ်နေတာမျိုးလဲ
ဖြစ်ရင် ဖြစ်မယ်။
သူများတွေ တိုင်ပတ်နေချိန်
အဲ့လို တိုင်ပတ်မှုအပေါင်း
သရဖူဆောင်းပြီး
ကိုယ်တိုင်ပတ်တဲ့ အဆင့်က
နောက်တစ်ဆင့်ရောက်နေတာမျိုးလဲ
ဖြစ်ချင်ဖြစ်မယ်။
အဲ့လိုမျိုး ပတ်ဝန်းကျင်နဲ့
နည်းနည်းလွတ်နေတာမျိုး
ဖြစ်နေတတ်တယ်။
ဒါက ရူးတာ မဟုတ်ဘူး။
အများလျှောက်တဲ့လမ်းနဲ့မတူတာ။
အတွေးအခေါ်မတူတာ။
အိမ််မက်တွေ မတူတာ။
အနာဂတ်အမြင်မတူတာ။
တခါတလေ လွတ်နေတာ
မကောင်းဘူးလို့
ဘယ်သူမှ မပြောနိုင်ဘူးလေ။
Phyo Paing @ Derek