ဝိတ်ချဖို့ ကိုယ်နဲ့ ကိုက်တဲ့
formula ရှာဖို့ တစ်နှစ်လောက်
စမ်းသပ်ရတယ်။
တကယ်လုပ်ဖို့ကျ
နှစ်လလောက်ပဲကြာတယ်။
အလုပ်ဖြစ်တဲ့ marketing formula
ရှာဖွေဖို့က သုံး၊ လေးနှစ်ကြာတယ်။
တကယ်လုပ်ဖို့က မိနစ်ပိုင်းပဲ။
Speed-reading လုပ်နိုင်ဖို့
ကိုယ်နဲ့ကိုက်တဲ့ formula ရှာတာ
၁၀ နှစ်လောက်ကြာတယ်။
တကယ်လုပ်ဖို့က မိနစ် ၆၀ အောက်ပဲ။
Digital Product တည်ဆောက်ရေးအတွက်
သုံးလေးနှစ်အချိန်ပေး formula ရှာရတယ်။
တကယ်လုပ်ဖို့ကျတော့ တစ်ရက်နဲ့ပြီးတယ်။
တခါတလေ formula ရှာတဲ့အချိန်က
ပိုကြာတတ်တယ်။
ရှာမတွေ့သေးလို့ စိတ်မညစ်သွားနဲ့။
ရှာတွေ့လို့ကတော့ ဆပွားပြီသာမှတ်။
Phyo Paing @ Derek