Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

တချို့ဆို ပျော်တယ်ဆိုတဲ့ ခံစားချက်
မခံစားရတာကြာပြီ။

မနက်ထတိုင်း ပထမဆုံးမေးတဲ့မေးခွန်းက
အခုချိန် ငါအပျော်ရွင်ဆုံးအရာကဘာလဲ?
နေ့တိုင်းလိုလို အဖြေက အသက်ဝဝရှူလို့ရတယ်။
ဒါပျော်စရာပဲ။
ဒီအတွက် ဘယ်လိုခံစားရလဲဆိုတဲ့
ပျော်ရွင်မှုခံစားချက် မှတ်ဥာဏ်ကို
နေ့စဥ်ပြန်တူးဆွတယ်။
အချိန်တစ်ခုပေးပြီး ပြန်ခံစားကြည့်တယ်။
ဒါကို priming လို့ခေါ်တယ်။

ပျော်ရွင်မှုအတွက် ထားတဲ့ စံနှုန်းတွေကို
အနိမ့်ဆုံးကို လျော့ချထားပြီး၊
ကိုယ့်အစွမ်းအဆထွက်လာဖို့ စံနှုန်းကို
အမြင့်ဆုံးထိ တင်ထားလိုက်တယ်။

တချို့ဆို ပျော်တယ်ဆိုတဲ့ ခံစားချက်
မခံစားရတာကြာပြီ။
မနက်ထတိုင်း ပြန်ပြန်မေးပြီး
အချိန်တစ်ခုပေး ခံစားကြည့်ပါ။
ကိုယ့်ဘဝအတွက် “လက်ရှိ”
ပျော်ရွင်စရာလေးတွေ၊
ကျေးဇူးတင်စရာလေးတွေ၊
ဂုဏ်ယူစရာလေးတွေ။

မဟုတ်ရင် မနက်ထလာ မအလ
မျက်နှာ မြင်နေတာနဲ့
ဒေါသပဲထွက်နေရမယ်။
နာရေးသတင်းတွေပဲတွေ့နေတာနဲ့
ဝမ်းနည်းကြေကွဲနေရလိမ့်မယ်။

Phyo Paing @ Derek

Share Your Idea!​