Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

တချို့သေးသေးလေးတွေက ကြီးမားတဲ့ ရလဒ်ကောင်းတွေ ရစေနိုင်တယ်။

ကိုးတန်းတုန်းက ဆရာမြောက်ပေးတာနဲ့
English – Myanmar သာလွန်
Dictionary ကြီးကို သူငယ်ချင်းပေးလိုက်တယ်။
Oxford English – English Dictionary
ဝယ်ပြီး စလေ့လာတယ်။
အဲ့မှာစ တိုင်ပတ်ပါလေရော။

၈ တန်းထိက ကျောင်းပြေးလိုက်၊
game နှိပ်လိုက်လုပ်ခဲ့တော့
အခြေခံမရှိတဲ့အခါ တော်တော်ခက်တယ်။
ဒါနဲ့ အလွယ်ဆုံးနည်းလမ်းရှာတော့
ပထမဆုံးစကားလုံးတွေက အဓိကပဲ။
ဒီ hack လေးကို apply လုပ်လိုက်တော့
အရမ်းလွယ်သွားတယ်။

စာအုပ်ဖတ်ရင်လဲအလားတူပဲ
စာရေးဆရာတွေက ပထမအပိုဒ်ကို
အကောင်းဆုံး လက်စွမ်းပြလေ့ရှိတယ်။
ဒါမှ သူ့စာဆက်ဖက်မှာကိုး။

တချို့သေးသေးလေးတွေက
ကြီးမားတဲ့ ရလဒ်ကောင်းတွေ
ရစေနိုင်တယ်။​

Phyo Paing @ Derek

Share Your Idea!​