ငယ်ငယ်က ရောဘတ်ကီရိုစာကီစာအုပ်
ဖတ်ပြီး လစဥ်ဝင်ငွေဆိုတဲ့
cash flow ပဲ အဓိကတည်ဆောက်လာတာ။
ရသမျှငွေကို အနာဂတ်လစဥ်ဝင်ငွေအဖြစ်ပဲ
ပြောင်းလဲလာရာက
ပြောင်းပြန်လုပ်ကြည့်မယ်ဆိုပြီး
capital gain ကိုအဓိကထားပြီး
လစဥ်ဝင်ငွေမရချင်နေ ဝယ်ထားလိုက်ဆိုပြီး
စမ်းကြည့်တယ်။
အဲ့မှ နားလည်သွားတယ်။
နိုင်ငံရေး၊ စီးပွားရေး အခြေအနေကောင်းရင်
လစဥ်ဝင်ငွေရှာပေးတဲ့ စီးပွားရေးတွေကောင်းတယ်။
မကောင်းရင် capital gain
အရင်းအနှီးအမြတ် သွားတာတွေက
ပိုကောင်းတတ်တယ်။
နှစ်ခုစလုံးက အရေးကြီးတယ်လို့ထင်တယ်။
တစ်ကိုယ်ရည် ငွေကြေးစီမံခန့်ခွဲမှု
Personal Finance မှာ
ကိုယ့်သီအိုရီနဲ့ ကိုယ်ပဲ။
အလုပ်ဖြစ်ဖို့တော့လိုတယ်။
Phyo Paing @ Derek