ရှမ်းပြည်မြောက်ပိုင်းမှာမွေး
ကချင်ပြည်နယ်ရဲ့
စျေးထဲမှာကြီးတယ်။
ဆယ့်ကိုးနာရီဆယ့်ရှစ်မိနှစ်တို့၊
မင်းနဲ့မှ ချစ်တတ်ပြီပေါ့တို့၊
မာရဇ္ဇရဲ့ ဟင်္သာတို့ရဲ့နန်းတော်ရှေ့တို့အပြင်
Zero, ACID, Too Big, NS
တိတ်ခွေတွေကို ကျောင်းမှာရောင်းခဲ့ဖူးတယ်။
ကိုးတန်း၊ ဆယ်တန်း
အချုပ်လိုအဆောင်ကြီးမှာနေခဲ့ဖူးတယ်။
အဲ့ကစ မန္တလေးသားဖြစ်သွားတယ်။
ဆယ်တန်းကို ဖော်မြူလာနဲ့
လေ့လာပြီး စာမေးပွဲဖြေခဲ့တယ်။
ဆရာဝန်အဖြစ် training ယူခဲ့တယ်။
လူတွေကို ဂိုက်ပြန်သင်ပေးတယ်။
တရုတ်ကပစ္စည်းတွေသွင်းပြီးရောင်းတယ်။
အရောင်းနဲ့ မားကတ်တင်းအလုပ်ကို
နိုင်ငံတကာဆေးကုမ္ပဏီတစ်ခုမှာ ဝင်ခဲ့တယ်။
CRM စနစ်တွေကို လူတွေကိုပြန်သင်ပေးရတယ်။
စီးပွားစီမံ ABE diploma တက်ပြီး
စာပြန်သင်ပေးတယ်။
ဖုန်းဆော့ဝဲလ်တွေပြင်တယ်။
ဖုန်းဆိုင်ဖွင့်တယ်။
MBA ဘွဲ့ရတယ်။
သင်တန်းကျောင်းစဖွင့်တယ်။
မားကတ်တင်းသင်တန်းတွေကို
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊
တောင်ကြီးမှာဖွင့်တယ်။
ကုမ္ပဏီတွေကို သင်တန်းလိုက်ပေးတယ်။
ဆရာ၊ဆရာမပေါင်း ၅၀၀၀ ကျော်အတွက်
သင်ကြားရေးနဲ့ မှတ်ဥာဏ်ကောင်းနည်းစနစ်ကို
မြို့ကြီးတွေမှာ အခမဲ့မျှဝေပေးဖြစ်တယ်။
အွန်လိုင်းကနေလေ့လာလို့ရတဲ့
online learning platform လုပ်တယ်။
နောက် app/ website တွေလုပ်ပေးတယ်။
MBA သင်တန်းတွေပြန်ဖွင့်တယ်။
ဆရာဖြစ်သင်တန်းတွေသင်တယ်။
လုပ်ငန်းတွေကို အကြံပေးတယ်။
ပညာရေးနဲ့ နည်းပညာကုမ္ပဏီတွေမှာ
ရင်းနှီးမြုပ်နှံတယ်။
စာအုပ်ရေးတယ်။
ဒီဂျစ်တယ်ကုန်ပစ္စည်းတွေထုတ်တယ်။
ကိုယ်လုပ်ခဲ့တဲ့အလုပ်တိုင်းကနေ
ကိုယ့်ရဲ့ best version အကောင်းဆုံးပုံစံ
ဖြစ်လာဖို့ လေ့ကျင့်မှုတွေပဲ။
တစ်နေ့ကျွန်တော်တို့ အနာဂတ်မှာ
ပြန်ဆုံကြတဲ့အခါ
ဘယ်လိုပုံစံနဲ့ ပြန်ဆုံကြမလဲဆိုတာ
ရင်ခုန်ဖို့ကောင်းတယ်။
တစ်နေ့ပြန်ဆုံကြတဲ့အခါ
လူတွေမမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲနေဖို့လိုတယ်။
Phyo Paing @ Derek