ကိုယ်နှလုံးသားထဲက ဖြစ်ချင်တဲ့
စိတ်ကူးတွေကို သွေဖယ်သွားစေမည့်
အတွေးအခေါ် အယူအဆတွေ၊
ခန္ဓာကိုယ် စေ့ဆော်မှု၊
စိတ်ခံစားချက်တွေ၊
ပတ်ဝန်းကျင် ပြင်ပ ပယောကတွေ၊
ကိုယ်နဲ့အနီးစပ်ဆုံးလူတွေနဲ့
ထိတွေ့ဆက်ဆံမှုတိုင်းက
ဘဝရဲ့ တိုက်ပွဲဖြစ်တယ်။
ပထမဆုံးက ကိုယ့်ရဲ့အတွေးအခေါ်ကို
ကိုယ်အနိုင်ယူဖို့ တိုက်ယူရတယ်။
ဒုတိယ ကိုယ့်ရဲ့ စိတ်ခံစားချက်ကို
ကိုယ်လိုချင်သလို ပုံသွင်းနိုင်ဖို့၊
တတိယက ကိုယ့်အပြုအမူကို
ကိုယ်လိုချင်သလို ပုံသွင်းနိုင်ဖို့
နေ့စဥ် လေ့ကျင့်ယူနေရတယ်။
ဒါမှ ပြင်ပ လွမ်းမိုးမှုတွေကို
တွန်းလှန်နိုင်မှာ။
ကျွန်တော်တို့ရဲ့ အတွင်းပိုင်း
training အားနည်းရင်
အပြင်က ကိုယ်မစားသင့်တဲ့
အစားအစာတွေကို စားမိမယ်။
မပေါင်းသင့်တဲ့ သူတွေနဲ့
ပေါင်းမိမယ်။
မလုပ်သင့်တာတွေကို တဒင်္ဂ
စိတ်ခံစားမှုကြောင့် လုပ်မိမယ်။
ဘဝရဲ့ တိုက်ပွဲမှာ အနိုင်ရဖို့
ကိုယ့်ကိုကိုယ် နေ့စဥ် train
နေဖို့လိုတယ်။
Phyo Paing @ Derek