အံအားသင့်လောက်တဲ့ ရလဒ်ဆိုတာ
တစ်ရက်နှစ်ရက်၊ တစ်လနှစ်လနဲ့
ရတဲ့ အမျိုးဖြစ်တာရှားတယ်။
လွယ်ရင် လူတိုင်းလုပ်နေမှာပေါ့။
လွယ်လွယ်နဲ့ မရနိုင်တာတိုင်းမှာ
ဆာလောင်မှုလိုတယ်။
မဟာဗျူဟာကောင်းလိုတယ်။
ပြင်းထန်တဲ့လုပ်ရှားမှုတွေလိုတယ်။
အမြဲမပြတ်လေ့လာသင်ယူမှုလိုတယ်။
ဒူပေဒါပေခံမှုလိုတယ်။
စိတ်ရှည်ဇွဲသန်ဖို့ လိုတယ်။
Giza မှာရှိတဲ့ ပိရိမစ်ကြီးကို တည်ဆောက်ဖို့
လူပေါင်း ၁ သိန်းနဲ့ နှစ်ပေါင်း ၂၀ လိုခဲ့တယ်။
မဟာတံတိုင်းတည်ဆောက်ဖို့
ချင်းစစ်ဝမ်လက်ထက်မှာ ကိုးနှစ်အချိန်ယူခဲ့ပေမယ့်
ဆက်လက်ချဲ့ထွင်ထိန်းသိမ်းဖို့
မင်းဆက် ကိုးဆက်ကျော်နဲ့
နှစ်ထောင်ပေါင်းများစွာကြာခဲ့တယ်။
တိုက်ကွက်တွေမြန်ဖို့လိုသလို
စိတ်ရှည်ဖို့လဲလိုတယ်။
Phyo Paing @ Derek