Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

တိုင်မပတ်အောင် ဖောက်သည်သေချာရွေးပါ။

ရွေးချယ်မှုက ကြိုးစားမှုထက်
ပိုအရေးကြီးတတ်တယ်။

လုပ်ငန်းတစ်ခုအတွက် အရေးအကြီးဆုံးက
ဖောက်သည် အရွေးမှန်ဖို့ပဲ။
ဖောက်သည်မရွေးပဲ
လူတိုင်းရဲ့ အလိုဆန္ဒကို
ဖြည့်ဆည်းချင်လို့မရဘူး။
ဖြစ်လဲ မဖြစ်နိုင်ဘူး။

Choose your clients, choose your future တဲ့။
တချို့ စေတနာကောင်းပြီး၊
အရမ်းတော်၊ အရမ်းကြိုးစားသူတွေ
ဖောက်သည်မရွေးပဲ
လူတိုင်းအလို ဆန္ဒဖြည့်ဆည်းပေးချင်တဲ့အတွက်
မလိုအပ်ပဲ စိတ်ပင်ပန်း၊ လူပင်ပန်း၊
အချိန်ကုန်၊ ခရီးမရောက်ဖြစ်တာ
အများကြီးတွေ့ဖူးတယ်။

ဒါကြောင့် ဘယ်လို လူတွေကို
ဝန်ဆောင်မှုပေးမယ်။
ဘယ်သူတွေ အတွက်တော့မဟုတ်ဘူး။
သေသေချာချာ ပြတ်ပြတ်သားသား
သတ်မှတ်ထားဖို့လိုတယ်။

တချို့လုပ်ငန်းတွေက
စျေးပေါတာကြိုက်တဲ့ဖောက်သည်တွေအတွက်။
တချို့က မြန်တာကြိုက်သူတွေအတွက်။
တချို့က သူများနဲ့မတူ
ဆန်းတာကြိုက်သူတွေအတွက်။
တချို့က စျေးကြီးတာ I don’t care
စိတ်ချမ်းသာရင်ပြီးရောဖောက်သည်တွေအတွက်။
တချို့က စိတ်လေးလဲ ချမ်းသာချင်တယ်
စျေးလေးလဲ မဆိုးဘူးဆိုတဲ့ဖောက်သည်တွေအတွက်။
တချို့က ပေါချောင်ကောင်းလေးမှဆိုတဲ့
ဖောက်သည်တွေအတွက်။
တချို့ကလဲ ဝယ်တိုင်း ရစ်လိုက်ရမှ
ဆိုတဲ့ ဖောက်သည်တွေအတွက်။

မှန်တယ်၊ မှားတယ်ဆိုတာတော့မရှိဘူး။
အဓိက ကိုယ် ဝန်ဆောင်မှုပေးချင်တဲ့
ဖောက်သည်ကို သေချာရွေးချယ်သတ်မှတ်ဖို့
အရေးကြီးတယ်။

ဘယ်လောက်မြန်မြန်လျှောက်မလဲဆိုတာထက်
ဘယ်လမ်းမှန်ကို လျှောက်မလဲပိုအရေးကြီးတယ်။

Phyo Paing @ Derek

Share Your Idea!​