ကိုယ်လိုချင်တာကိုရတာလဲ
အောင်မြင်မှုလို့ခေါ်တယ်။
အများလိုချင်တာကို
ရထားတာကိုလဲ
တချို့ကအောင်မြင်မှုလို့သတ်မှတ်တယ်။
ကိုယ့်နယ်ပယ်မှာ သာမန်ထက်ကျော်ပြီး
ထိပ်တန်းထဲပါဝင်ရင်လဲ
အောင်မြင်မှုလို့သတ်မှတ်တယ်။
တချို့က ကိုယ့်ထက်ရလဒ်ပိုကောင်းရင်လဲ
အောင်မြင်မှုလို့သတ်မှတ်ပြန်တယ်။
တချို့ကလဲ
လူတွေအသိအမှတ်ပြု
အားပေးတာကို
အောင်မြင်မှုလို့သတ်မှတ်တယ်။
အောင်မြင်မှုရဲ့ အဓိပ္ပာယ်က
ကြည့်သူပေါ်မူတည်တယ်။
Subjective ဖြစ်လွန်းတယ်။
အောင်မြင်မှုထက် တိုးတက်မှုက
ကျွန်တော့်အတွက်လက်တွေ့ပိုကျတယ်။
လူတိုင်းမွေးလာကတည်းက
နောက်ခံရေမြေ ပေးထားချက်တွေမတူဘူး။
ဘဝရဲ့ပြဿနာ မေးထားချက်တွေမတူဘူး။
ဘဝရဲ့ပေးထားချက်တွေကိုအခြေခံပြီး
မေးထားချက်တွေကိုဖြေရှင်းရင်း
လူတွေမမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲတာ၊
တစ်နည်းအားဖြင့်
ကိုယ့်ရဲ့အကောင်းဆုံးဗားရှင်းပုံစံ
တည်ဆောက်တာက
ဘဝရဲ့ အဓိပ္ပာယ်လို့ခံယူထားတယ်။
ဒါကြောင့် အောင်မြင်မှုထက်
တိုးတက်မှုကို တန်ဖိုးပိုထားတယ်။
ဘာကြောင့်လဲဆို
အောင်မြင်မှုဆိုတဲ့ အိမ်မှာနေဖို့
တိုးတက်မှုလို့ခေါ်တဲ့
အိမ်ငှါးခပေးရမှာမို့ပါ။
တိုးတက်မှု > အောင်မြင်မှု
Phyo Paing @ Derek