ကိုယ်မရောက်ဖူးတဲ့နေရာရောက်ဖို့၊
ကိုယ်မတွေ့ကြုံဖူးတဲ့ အတွေ့အကြုံရဖို့
ကြိုးစားအားထုတ်မှုလိုတယ်။
စဥ်းစားကြည့်ကြည့် ဘာသာစကား
သုံးလေးမျိုးလောက်ကို
ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ပြီး
လူပေါင်းထောင်ချီရှေ့မှာ ကြွေအောင်
ပြောနိုင်တာမျိုး။
ခန္ဓာကိုယ်က Sရမ်းမိုက်ပြီး
အသက် ၇၀၊ ၈၀ လောက်ထိ
ကျန်းမာကြံ့ခိုင်နေတာမျိုး။
ကိုယ့်အသက်မွေးဝမ်းကြောင်းပြုတဲ့
အလုပ်နဲ့ပတ်သက်လို့
ဘာမေးလိုက်မေးလိုက်
အကုန်သိနေတာမျိုး။
အပြောပဲ မဟုတ်
တကယ်လက်တွေ့ဖြစ်အောင်
လုပ်တာမျိုး။
ကိုယ်သွားချင်တဲ့နေရာကို
သွားချင်တဲ့သူနဲ့
သွားချင်တဲ့အချိန် သွားနိုင်တာမျိုး။
ကိုယ်ခေါင်းထဲမှာပေါ်တဲ့ idea ကို
စာသုံးလေးကြောင်းရောက်ရေးလိုက်တာနဲ့
ဝင်ငွေတွေ သောက်သောက်လဲ
ရလာတာမျိုး။
ဒါမျိုးတွေဖြစ်လာဖို့က
အလိုလို ဖြစ်မလားဘူး။
ကိုယ်တိုင် ကြိုးစားအားထုတ်ရတယ်။
အလိုလိုပေါက်တာ မြက်ပင်တွေပဲများတယ်လေ။
ပန်းကောင်းပန်ချင်ရင် သေချာစိုက်ရတယ်
မဟုတ်လား။
Phyo Paing @ Derek