Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဒါကို Looping ပတ်တယ်လို့ခေါ်တယ်။

ကြုံဖူးလားတော့ မသိဘူး။
တစ်ယောက်ကို လွမ်းတဲ့အခါ
ဒီအတွေးနဲ့ အလုပ်မလုပ်နိုင်တာမျိုး။
တခါတလေ ကြည်နူးမှုတွေနဲ့
တစ်ရက်တာလုံး ဖြတ်သန်းရတာ
လတ်ဆတ်နေတာမျိုး။

တခါတလေ
တစ်ခုခုကို ဒေါသထွက်တဲ့အခါ၊
စိတ်အနှောက်အယှက်ဖြစ်တဲ့အခါ
အဲ့ဒီပုံစံမျိုးပဲ တစ်ရက်တာလုံး၊
ရက်ရှည်လများ လွမ်းမိုးနေတာမျိုး
ဖြစ်တတ်ကြတယ်။​

ဒါကို Looping ပတ်တယ်လို့ခေါ်တယ်။
ကောင်းတဲ့အတွေးအခေါ်
looping ပတ်ရင် ဘဝက
ဖြတ်သန်းရတာ လတ်ဆတ်အထာကျပေမယ့်
မကောင်းတဲ့ looping ပတ်ရင်တော့
တိုင်ပတ်ပြီးသာမှတ်။

မကောင်းတဲ့ခံစားချက်၊ အတွေးအခေါ်
looping မပတ်အောင်
control လုပ်တဲ့ စနစ်လေး
ကိုယ့်စိတ်မှာ ထည့်ထားတတ်ဖို့လိုတယ်။
ဒါကို အာရုံလွဲခြင်းလို့ခေါ်တယ်။

စိတ်ညစ်စရာတွေကို အကြာကြီး
တွေးပြီး တိုင်မပတ်လိုက်ပါနဲ့။
Looping ပတ်ပြီး ဘဝတစ်ခုလုံးပါ
တိုင်ပတ်သွားမယ်။​
ဂျွင်းထဲဝင်ပြီး ပြန်မထွက်နိုင်ဖြစ်လိမ့်မယ်။

Phyo Paing @ Derek

Share Your Idea!​