ကိုယ့်ကိုကိုယ် ဘယ်တော့မှ မပြစ်မတင်နဲ့။
ကိုယ့်ကို အမြဲအပြစ်တင်တတ်တဲ့သူတွေနဲ့လဲ
ဘယ်တော့မှ အပေါင်းအသင်မလုပ်နဲ့။
သမီးရည်းစားမလုပ်နဲ့။
ဒီအတွေးအခေါ်က radical နည်းနည်းဆန်တယ်။
လူတွေဘဝဘာကြောင့်အပြောင်းအလဲဖြစ်လဲ?
ကိုယ့်ကို နားလည်ပေးတဲ့သူတွေကြောင့်ပဲ။
ဒါကြောင့် ကိုယ့်ရဲ့ဖြစ်တည်မှု
ကိုယ့်ကိုကိုယ် ဂုဏ်ယူပြီး
ကိုယ်ဘာပဲလုပ်လုပ် ခွင့်လွတ်နားလည်
အားပေးတဲ့ အသိုင်းအဝိုင်းတစ်ခုရှိတဲ့အခါ
ကိုယ်ပိုတိုးတက်တယ်။
ပိုအောင်မြင်တယ်။
တချို့သားသမီးတွေမအောင်မြင်တာ
မိဘတွေက toxic ဖြစ်လို့။
ကိုယ့်သားသမီး ဘာလိုဖြစ်ဖြစ်
ချစ်နေမယ်ဆိုတဲ့ စိတ်မထားပဲ
သားသမီးကို ခိုင်းစားစရာ၊
ကိုယ့်ဂုဏ်အတွက် ကြွားစရာ
စဉ်းစားပြီး သူတို့ပေတံနဲ့တိုင်း
သူတို့ဖြစ်စေချင်တဲ့အတိုင်းဖြစ်အောင်လုပ်
မဖြစ်တဲ့အခါ စိတ်ဆိုး၊ analyze လုပ်
ဝေဖန်တဲ့အတွက် တချို့ကလေးတွေခမျာ
ဒုက္ခခဏခဏ ရောက်တတ်ကြတယ်။
ဒါကြောင့် ကိုယ့်ကိုဝေဖန်
အပြစ်ပြောတဲ့သူတွေကို ဝေးဝေးရှောင်ပါ။
Phyo Paing @ Derek