လူသား အတွေ့အကြုံ
သံသရာဆိုတဲ့ simulation မှာ
လူသားအတွေ့အကြုံကို
အသက်ရှည်ရင်
နှစ် ၁၀၀ လောက် ရလာတာပဲ။
နောက် နှစ်ပေါင်း ၇၀ ဆိုရင်
ကျွန််တော်တို့အားလုံး ရှိချင်မှရှိတော့မယ်။
လူဖြစ်တုန်း လူသားအတွေ့အကြုံကို
ယူတဲ့အခါ ကောင်းတာဆိုးတာ
ဒါရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်ပဲ။
စိတ်၊ စေတသိတ်တွေမှာ
ခံစား၊ စံစား သလို
အလုပ်ထဲစျာန်ဝင်
ကိုယ့်ရဲ့ဖြစ်တည်မှုနဲ့ စကြာဝဌာနဲ့
တစ်သားတည်းဖြစ်နေတဲ့ ခံစားမှုမျိုး
မတူညီတဲ့ အတွေ့အကြုံတွေက
လူသားတွေရဲ့ ဖြစ်တည်မှုကို
လတ်ဆတ်စေတာပဲ။
ဒဏ်ရာတွေ၊ နာကျဥ်မှုတွေ၊
မသေချာမှုတွေ၊ မရေရာမှုတွေ၊
ဝမ်းနည်းပူဆွေး၊ တွေ့ဆုံကြုံကွဲ
ဒါတွေကလဲ ဘဝပဲ။
Phyo Paing @ Derek