အောင်မြင်တဲ့ လုပ်ငန်းရှင်
အများစုကြည့်လိုက်
ရက်ရောတာ ဂါရဝတရားရှိတာ
တွေ့ရလိမ့်မယ်။
ကိုယ့်ဖက်ကကြီး အရင်ယူဖို့
စဉ်းစားနေတာထက်
တွက်ချက်ပြီး ပေးသင့်ရင်
ကြိုပေးတာ၊ စေတနာထားတာ
ဒါမျိုးတွေ တွေ့ရလိမ့်မယ်။
ဘူပိတ်တဲ့ လုပ်ငန်းရှင်ကျတော့
ကိုယ်ကကြီး အသာစီးရလိုချင်တာ။
တစ်ခုခုဆို ကိုယ်က အရင်ပေးဖို့ထက်
တခြားသူရဲ့ service ကို အရင်လိုချင်တာ။
တစ်ခုခုဆို သံသယ စိတ်နဲ့
တစ်ဖက်သား service ကို သွားသွား
မေးခွန်းထုတ်တာ။
ကိုယ်သေချာမသိ မလေ့လာပဲ သွားသွား
ဝေဖန်တာမျိုးတွေ လုပ်တတ်ကြတယ်။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay