Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဒီတော့ S ၃ လုံးနည်းစနစ်ကို အသုံးပြုရတယ်။

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်း
တည်ဆောက်တဲ့ စနစ်တချို့ရှိတယ်။
အများစု လုပ်ဖြစ်တာကတော့
content business တွေဖြစ်ပါတယ်။

တချို့ business တွေကိုယ်ဝင်ပါစရာမလိုတော့ဘူး။
ဒီနှစ်ကုန်မှာ အပြီးလွဲမည့် ၈ နှစ်ပြည့်တော့မယ့်
ဆိုင်ဆို ဒီအတိုင်းလွဲထားတာ ၆ နှစ်ရှိပြီ။
ဒီကြားထဲ စပြီးရောင်းခဲ့တာတွေလဲမနည်းဘူး။

ကိုယ်ကလဲ tech product ထုတ်ချင်တယ်။
ရင်းနှီးမြုပ်နှံသူတွေလဲ မလိုချင်ဘူး။
ကိုယ့်ငွေနဲ့ကိုယ် profitable businesses ကို
ဒီတော့ S ၃ လုံးနည်းစနစ်ကို အသုံးပြုရတယ်။

လုပ်ငန်းတိုင်းက ကိုယ်မပါပဲ လည်ပတ်လို့ရတာ
မဟုတ်ဘူး။
ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်းအတွက်
ပထမဆုံး design လုပ်ရတယ်။
default နဲ့သွားလို့မရဘူး။

ပထမ S ကတော့ specialization ပဲ။
အစုံသုပ်လျှောက်လုပ်လို့မရဘူး။
ဥပမာ Akyanpay ဆိုပါတော့
လုပ်ငန်းရှင်တွေကို အဓိက target ထားတယ်။
ဖြေရှင်းမည့် problem က
ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်းတည်ဆောက်တဲ့
movement အတွက် operation စနစ်ချတာ။
ဒါလုပ်ဖို့ design လိုတယ်။
ဒီ design အတွက် အဖြေ solution ကတော့
Akyanpay Creator Studio ပဲ။
လိုအပ်တဲ့ tools နဲ့ framework တွေထည့်ပေးထားတယ်။

ဒုတိယ S ကတော့ Standardization ပဲ။
ကိုယ့် လုပ်ငန်းကို product တစ်ခုလို မြင်ရမယ်။
ဒါကို productize လို့ခေါ်တယ်။
ဒီလိုလုပ်ဖို့ ဖောက်သည်တစ်ယောက်ချင်းလိုအပ်တာကို
customization လိုက်လုပ်နေလို့မရဘူး။
Stardarization စံသတ်မှတ်ထားဖို့လိုတယ်။

နောက်ဆုံးတစ်ခုကတော့ Subscription ဖြစ်တယ်။
ရေပုံးနဲ့ မသယ်ပဲ။ ရေပိုက်သွယ်တဲ့ လစဥ်ကြေးစနစ်ဖြစ်တယ်။

Model မှားရင် မယ်တော်လဲ မကူနိုင်ဘူး။

ဒီအထက်က သုံးခုကတော့ 3S model ဖြစ်ပါတယ်။
နောက် model တွေ ရှိပါသေးတယ်။
share စေချင်တယ်ဆိုရင်တော့ “yes” လို့ရိုက်ခဲ့ကြည့်ဗျာ။

#Akyanpay
ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်ပါ။

Share Your Idea!​