ဒီနောက်ပိုင်းဘဝကို မချဲ့တော့ဘူး။
ချုံ့ဖို့ဘဲ စဥ်းစားလာမိတယ်။
တစ်ရက်တစ်ရက်
အလုပ်တွေ အများကြီးလုပ်တာထက်
လုပ်တဲ့အလုပ် အရေအတွက်ကို
နည်းနိုင်သမျှနည်းအောင်လုပ်လာတယ်။
လူအများကြီးနဲ့တွေ့ဖို့ထက်
လူနည်းနိုင်သမျှနည်းအောင်
နည်းနည်းနဲ့ဘဲတွေ့နိုင်အောင်စီစဥ်မိတယ်။
ကိုယ်ပျော်တဲ့အလုပ်၊
တော်တဲ့အလုပ်နဲ့
ဘဝကို တန်ဖိုးထားတဲ့လူနည်းနည်းနဲ့
ဒီလိုဘဲ ဘဝကို ဖြတ်သန်းရင်း
ဘဝရဲ့ အနှစ်သာရကို
ခံစားမိလာသလိုလိုရှိလာတယ်။
အနာဂတ်မှာကလဲ
Agentic AI တို့၊ Physical AI တို့လာမယ်ဆိုတော့
လူအများကြီးရှိဖို့လဲ လိုချင်မှလိုမယ်။
Phyo Paing @ Derek