စိတ်ညစ်စရာမရှိဘူးလား?
လူပဲ စိတ်ညစ်စရာကတော့ အနည်းနဲ့အများ ကြုံရမှာပေါ့။ ဒီနေ့ခေတ်က စိတ်မထားတတ်ရင် ရူးတောင်ရူးသွားအုံးမယ်။
၂၀၀၇ လောက်မှာ self-help တွေနဲ့ ထဲထဲဝင်ဝင်စထိတွေ့ခဲ့တယ်။ နောက် New Age Movement ဖြစ်တဲ့ positive psychology ဆိုပါတော့။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဖြစ်တော့ တော်တော် စိတ်မချမ်းသာဘူး။ အဲ့မတိုင်ခင်ကလဲ ကိုယ့်ကိုကိုယ် အမြဲတိုင်ပတ်ပြီး ငြိမ်းချမ်းမှုကို လိိုက်ရှာနေရတယ်။
နောက်ပိုင်းမှာ အမြဲစိတ်ဓာတ်တက်ကြွနေပြီး ပျော်ရွင်နေတဲ့သူတွေကို လိုက်လေ့လာကြည့်တယ်။ သူတို့တွေ ဘယ်လိုစဥ်းစားကြသလဲ။ သူတို့တွေ ဘယ်လို စကားတွေပြောကြသလဲ။ လောကကြီးကို ဘယ်လိုမြင်သလဲ။ ဘာတွေကို လေ့လာကြသလဲ။ ဘာစာအုပ်တွေဖတ်ကြသလဲ။ အစရှိတာတွေကို မှတ်သားနမူနာယူ စမ်းသပ်မှုတွေပြုလုပ်ကြည့်တယ်။
၂၀၁၅ မှာတော့ တော်တော်လေးအရှိန်ရလာတယ်။ မှော်အောင်သွားတယ်ဆိုပါတော့။ စိတ်ညစ်စရာတွေကို အေးဆေး handle လုပ်နိုင်လာတယ်။ ဒီအစွမ်းအစလေးကိုလဲ ပျောက်သွားမှာ ကြောက်ရတယ်။ ဒါနဲ့နည်းစနစ်တွေ ပြန်ရှာတယ်။
ဘဝတွေကို မြင်ပုံမြင်နည်းပြောင်းလိုက်တယ်။ မလိုချင်တာတွေခေါင်းထဲမထည့်ပဲ၊ လိုချင်တာတွေကို အဓိကစဉ်းစားလိုက်တယ်။ မေးခွန်းတစ်ခုက တော်တော်လေး ခရီးတာသွားတယ်။ တခါတလေ လူတွေတိုင်ပတ်တဲ့အခါ မဖြစ်ချင်တာတွေကို အဓိကစဥ်းစားနေတတ်တယ်။ ဒီအစား “ငါဖြစ်ချင်တာဘာလဲ၊ ငါလိုချင်တဲ့ရလဒ်က ဘာလဲ” အစားထိုးစဥ်းစားကြည့်လိုက်တယ်။ တော်တော်လေး ဘဝမှာ နေပျော်လာတယ်။
နောက် “အရှုံး” ဆိုတဲ့စကားလုံးကို “သင်ခန်းစာ” ဆိုတဲ့စကားလုံးနဲ့ အစားထိုးလိုက်တယ်။ နောက် “တခြားသူတွေ ကိုယ့်ကိုဘယ်လိုထင်နေမလဲ” ဒီမေးခွန်းကြီးကို မမေးတော့ဘူး။ ဘယ်သူကိုယ့်ကို ဘယ်လိုမြင်မြင် ကိုယ်ယုံကြည်တာကို ကိုယ်လုပ်မယ်။ ကိုယ်နည်းလမ်းနဲ့ကိုယ် လမ်းဖောက်မယ်။ တခြားသူတွေအပေါ် မျှော်လင့်ချက်တွေ မထားဘူး။ ကိုယ်ထိန်းချုပ်နိုင်တာတွေကိုပဲ အဓိက အာရုံထားလုပ်မယ်။ ကိုယ့်ကိုကိုယ် ဘယ်တော့မှ မကောင်းမပြောဘူး။ လုံးဝ unconditional love နဲ့ဖြစ်မယ်။
ဒီလိုနဲ့ပဲ ဘဝတိုင်ပတ်မှုတွေကို ကျော်လွားနေခဲ့မိတယ်ဗျာ။
Phyo Paing @ Derek