Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဒီလို အခြေနေမျိုးမှာ ဘာလုပ်သင့်သလဲ?

လုပ်ငန်းတစ်ခု စဖို့ဆိုတာ အရမ်းလွယ်တယ်။ ရပ်လိုက်ဖို့မလွယ်ဘူး။ Why?

လုပ်ငန်းတစ်ခု စဖို့က စလိုက်ဖို့သာလိုတယ်။ ကိုယ်မလုပ်ချင်တော့လို့ရပ်လိုက်ရင် အရပ်က ဒေဝါလီခံသွားတယ်တို့၊ ပြုပ်သွားတယ်တို့။ ဒီလို စကားတွေနဲ့ ဂုဏ်သိက္ခာကို ငှဲ့ပြီး တချို့လုပ်ငန်းတွေက run နေကြရတယ်။

ဒီလို အခြေနေမျိုးမှာ ဘာလုပ်သင့်သလဲ?

၁. Operating expense ကို အနည်းဆုံးဖြစ်အောင်လုပ်ပါ။

၂. President လို့ချရေးပါ။ သူ့အောက်မှာ လုပ်ငန်းကို အကြမ်းဖျင်း Marketing, Operation, Finance သုံးပိုင်းပိုင်းလိုက်ပါ။ Marketing မှာ Sale, Customer Service, Advertising & Research သုံးပိုင်းပိုင်းလိုက်ပါ။ Finance ကို Accounting, Admin နဲ့ MIS (Management Information System) သုံးပိုင်းပိုင်းပါ။

၃. ဒီ functions တွေ လုပ်ဆောင်နေတဲ့သူတွေကို ချရေးပါ။ Function ဆိုတာ သတိရပါ။ Job title မဟုတ်ပါ။ SOP များချရေးပါ။ SOP = Standard Operating Procedures

၄. သင့်အနေနဲ့ လုပ်ငန်းရဲ့ 90% က Strategy ကို စဉ်းစားပါ။ နေ့စဉ်သင်လုပ်သမျှကို Activity log ထားပါ။

၅. ဝန်ထမ်းတွေကို အလုပ်ခန့်တဲ့အခါ Management by agreement လုပ်ပါ။ ၁. Target ၂. Task ၃. Standard ၄. Result 5. Signature ထိုးခိုင်းပါ။ ဒီအလုပ်နဲ့ပတ်သက်လို့ လိုက် check မည့်သူတစ်ယောက်ထားပါ။

၆. လူရှာပါ။ ကိုယ့်အလုပ်အထဲကဖြစ်နိုင်သလို၊ အပြင်ကလည်းဖြစ်နိုင်ပါတယ်။ ကိုယ်လုပ်နေတဲ့ အပိုင်းကို run နိုင်မည့်သူ။ အချိန်အတော်ယူပါလိမ့်မယ်။ တွေ့ရင် ဒီအတိုင်း လုပ်ငန်းကို မလွဲပါနဲ့။ Percentage တစ်ခုထည့်ခိုင်းပါ။ တစ်နှစ်ပြီးတဲ့အခါ ဆက် run မ run ပြန်လည်ဆုံးဖြတ်ခိုင်းပါ။

၇. လုပ်ငန်းတစ်ခုမှာ ပြသနာ အများစုက အရောင်းကနေလာတဲ့အတွက် Sales & Marketing မှာ Strong ဖြစ်တဲ့လူတစ်ယောက်ရှာထားပါ။ replace လုပ်နိုင်အောင် ပြင်ဆင်ထားပါ။

Akyanpay
ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတွေ
တည်ဆောက်ပါ။ #Akyanpay

Share Your Idea!​