ဟစ်တလာ သေဆုံးချိန် အလောင်းမတွေ့သလို
ဘင်လာဒင်သေတော့လဲ အလားတူဖြစ်တာကို
တွေ့ရမှာ ဖြစ်တယ်။
ဒါကတော့
လူတစ်ယောက်ရဲ့ ဖြစ်တည်မှု၊ အတွေးအခေါ်၊
အယူအဆ၊ inspiration တွေ တခြားသူတွေကို
မပြန့်သွားအောင် ထိန်းချုပ်တယ်လို့ယူဆတယ်။
ငယ်ငယ်က ဖတ်ဖူးတဲ့
Bill Clinton ရဲ့ အထုပတ္ထိ My life မှာ
သူဟာ သမ္မတ John F. Kennedy နဲ့တွေ့ပြီး
နိုင်ငံရေးထဲရောက်လာတယ်လို့ဆိုတယ်။
ဒီမတိုင်ခင်မှာ ဆေးပညာ၊ ဂီတ၊ ဥပဒေရေးရာ
ဘာလုပ်ရမယ် တိတိကျကျ မရှိသေးဘူး။
1963 မှာ American Legion ရဲ့အစီအစဉ်အရ
သမ္မတ John F. Kennedy နဲ့ လက်ဆွဲနှုတ်ဆက်
ခွင့်ရခဲ့ပြီး နှစ်သုံးဆယ်ကြာနောက်
Bill Clinton ကိုယ်တိုင် အမေရိကန်
သမ္မတဖြစ်လာတယ်။
ဓာတ်ဆိုတာ ကူးတတ်တဲ့ သဘောရှိတဲ့အတွက်
အမြဲမကောင်းမြင်တတ်တဲ့သူတွေ၊
ဘူကောင် (မကောင်းအမြဲမြင်သူ)တွေကို
အတွေးအခေါ်ကူးစက်တတ်တဲ့အတွက်
ဖြစ်နိုင်ရင် သတိနဲ့ပေါင်းသင့်တာ
အားလုံးသိပြီး ဖြစ်မှာပါ။
အောင်မြင်သူတွေ၊ စွမ်းဆောင်ရည်မြင့်သူတွေ၊
Inspiration ပေးနိုင်သူ၊ အပြောင်းအလဲကို
ယူဆောင်ပေးသူ
လောက အကျိုးပြုသူများနဲ့ များများတွေ့ပေးပါ။
Phyo Paing @ Derek